နေပြည်တော်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) လူထု စစ်တမ်းများအရ ရွေးကောက်ပွဲကို ထိခိုက်လာစေနိုင်သော၊ အခက်အခဲ ဖြစ်စေနိုင်သော အချက်များတွင် ပါဝင်သည့် ကောလာဟလများ၊ ဘာသာရေး၊ လူမျိုးရေးများ၏ ထိခိုက်လာနိုင်သော အခြေအနေမှာ ရွေးကောက်ပွဲ နီးကပ်လာချိန်၌ ပိုမိုမြင့်တက်လာကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်...
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၁,၉၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ပုဂ္ဂလိကစိုက်ခင်းများ အပါအဝင် စိုက်ပျိုးထားသည့် ကျွန်းပင်များကို မှတ်ပုံတင်၍ ပိုင် ဆိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဖေချစ်က ဆင်ဟွာသို့ အောက်တိုဘာ ၂၃ရက်တွင်ပြောသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှင့် နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၈၃၁ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ...
နေပြည်တော်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် ၉၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ မွန်းလွဲပိုင်းသတင်းစာ ရှင်းလင်းပွဲတွင်...
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၁၀၀၀၀ တန်ဖိုးရှိ အိုက်စ်များအား အောက်တိုဘာ ၁၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC Myanmar)က ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် အပါအဝင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရာတွင် “မည်သူမျှ မကျန်ရစ်စေရ” ဆိုသည့်မူကို လက်ကိုင်ပြု၍ ဆောင်ရွက်နေကြောင်း UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် နှစ်ရက်အတွင်း ကျပ် သိန်း ၃,၀၀၀ကျော် တန်ဖိုးရှိ တရားမဝင်သစ် တန် ၁,၁၄၀ ကျော်ဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) YGN သင်္ကေတဖြင့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများနှစ်စဉ် လက်မှတ်သက်တမ်းအတည်ပြုလဲလှယ်ခြင်းလုပ်ငန်းအား နိုဝင်ဘာ၁၆ ရက်တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာချက်(၆)စောင်ထုတ်ပြန်ခဲ့သည်။