Connect with us

Politics, Law & Military

ပြည်ပရောက်မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်းကို မြန်မာနိုင်ငံလာစရာမလိုဘဲ ပုံမှန်အတိုင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ခရီးသွားဧည့်သည်များအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို သက်ဆိုင်ရာနိုင်ငံများရှိ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို သံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများ၌ “ပုံမှန်အတိုင်း” လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက မြန်မာနိုင်ငံ၌ ပြန်လည်လျှောက်ထားရမည်ဟူသော ဆိုရှယ်မီဒီယာတွင်ပျံ့နှံ့နေသည့် သတင်းမှာ သတင်းမှားများသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင်/ နေထိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်ထုတ်ပေးခြင်းလုပ်ငန်းများ အပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို သံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများ၌ “ပုံမှန်အတိုင်း” လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစား (၇)မျိုး ဖြစ်သည့် PB (Business Passport)၊ PT (Dependent Passport)၊ PJ (Job Passport)၊ PR (Religious Passport)၊ PS (Seaman Passport)၊ PE (Student Passport) နှင့် PV (Visit Passport) များအားလုံးကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ သက်တမ်းတိုးပေးခြင်း၊ အသစ်ထုတ်ပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မမေရီ က “နိုင်ငံကူးလက်မှတ်ကို မြန်မာနိုင်ငံ ပြန်လာပြီး သက်တမ်းတိုးရမယ်ဆိုရင် ကျွန်မတို့ အတွက် အဆင်မပြေဘူးလေ။ အခုတော့ ပုံမှန်အတိုင်းဆောင်ရွက်လို့ရတယ်ဆိုတော့ တော်သေးတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၆ ရက်တွင် ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.