Politics, Law & Military
ကချင် ပြည်နယ် အစိုးရ အဖွဲ့၏ ဝန်ကြီး ဌာန ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)
ကချင် ပြည်နယ် အစိုးရ အဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေး ၊ လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာနအား လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာန အဖြစ် ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဖေဖော်ဝါရီ ၁၁ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ် လွှတ်တော်၏ သဘောတူညီချက် အရ ထိုကဲ့သို့ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် ဖော်ပြခဲ့သည်။(Xinhua)