Connect with us

Politics, Law & Military

ကရင်ပြည်နယ်၌ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပထမနေ့ စတင်ကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-U Hla Maung Shwe)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်(NCA)၌ လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့သုံးဖွဲ့မှ ဦးဆောင်ကျင်းပသော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၂၀ရက်နေ့ထိ ကရင်ပြည်နယ် ဘားအံမြို့ရှိ သီရိဘားအံဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသော KNU၊ KNU/KNLA(PC)နှင့် DKBAတို့ ဦးဆောင်ကျင်းမည်ဖြစ်ပြီး လူမျိုးအလိုက် အမျိုးသားအဆင့် ပထမနေ့၌ သဘာပတိများအဖြစ် ပဒိုမန်းငြိမ်းမောင်၊ မန်းထိန်ဝင်းစိန်၊ စောခင်မောင်မြင့်၊ ဗိုလ်မှူးကြီးဃှီးဒို့နှင့် စောစိန်ဝင်းတို့က ပြုလုပ်မည်ဖြစ်သည်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပထမနေ့၌ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်မျိုးဝင်း၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ အဖွင့်မိန့်ခွန်းပြောကြားကြသည်။

“NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင် ၃ ဖွဲ့၊တရားဝင် ကရင် နိုင်ငံရေး ပါတီတွေ က ဦးဆောင်ကျင်းပ ပါမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု ထဲမှာ ကရင်တိုင်းရင်းသားများက ၁၁ ခုမှာ နေကြတယ်၊ အဲဒီကိုယ်စားလှယ်တွေ ဝင်ရောက်ဆွေးနွေးမှာပါ”ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)က အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.