Politics, Law & Military
ကလောမြို့နယ်၌ အမြောက်ကျည်ဆံဟောင်း(၇)ခုတွေ့ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ကလောမြို့နယ်၌ အမြောက်ကျည်ဆံဟောင်း(၇)ခုတွေ့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကလောမြို့နယ်၊ ရေယောင်းမကျေးရွာနေ ဒေါ်သန်းတင်၏ ခြံဝင်းနေအိမ်အနီး၌ အိမ်အသစ်ဆောက်လုပ်ရန် မြေတူး ရာမှ အမြောက်ကျည်ဆံဟောင်းများတွေ့ရှိကြောင်း သတင်းအရ တပ်မတော်သားများကသွားရောက်၍ ၎င်းနေရာအား ဆက်လက်တူးဖော်ခဲ့ရာ အရှည်(၁၉)လက်မ၊ အချင်း(၄)လက်မရှိ အမြောက်ကျည် ဆံဟောင်း စုစုပေါင်း(၇)ခုအား တွေ့ရှိသဖြင့် ရေယောင်းမကျေးရွာအနီး လျှိုမြောင်အတွင်း၌ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)