Politics, Law & Military
ချင်းအမျိုးသားများသည် ပညာရေးကိုအဓိကထားသောကြောင့် အနာဂတ်အတွက် မျှော်လင့်ချက်ပြည့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆို
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ချင်းအမျိုးသားများသည် ပညာရေးကိုအဓိကထားသောကြောင့် အနာဂတ်အတွက် မျှော်လင့်ချက်ပြည့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားသည်။
ချင်းတိုင်းရင်းသားများ နှင့်ပတ်သက်သည့် အကြောင်းအရာနှစ်ခုကို အလေးထားပြောကြားရာ ပထမအကြောင်းအရာမှာ ချင်းအမျိုးသား များ၏ ပညာရေးကိုအဓိကထားသည့် ကိစ္စဖြစ်ပါကြောင်း၊ ဒုတိယတစ်ခုမှာ ပြည်ထောင်စု စိတ်ဓာတ်ဖြစ်ကြောင်း၊ ၂၀၁၃-၂၀၁၄ မိမိချင်းပြည်နယ်ကို သွားရောက်စဉ်က ဘာ အကူအညီလိုလဲမေးသည့်အခါ ပညာရေးနှင့်ပတ်သက်ပြီး အကူအညီတောင်းသည်ကို တွေ့ရပြီး မိမိတည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ချင်းပြည်နယ်တွင် တတ်နိုင်သမျှ ကူညီခဲ့ပါကြောင်း ၎င်းက ဆိုသည်။
ပညာရေးကို အလေးထားသည်မှာ မိမိတို့ပြည်ထောင်စု အနာဂတ်အတွက် အင်မတန်မှ မျှော်လင့်ချက်များ ပြည့်စေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
(၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ရက်နေ့ ညနေ ၆ နာရီခွဲတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်အဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းခဲ့ပြီး ယင်းအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် ချင်း အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြည်ထောင်စုလွှတ်တော် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များက ဖလမ်းမြို့နယ် ကိုယ်စားပြု ဝါးညှပ်အကဖြင့် ဖျော်ဖြေ ကြသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတနှင့် တက်ရောက်လာကြ သူများသည် ချင်းတိုင်းရင်း သားများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။ ယနေ့အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း နှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီ ခွန်မြတ်၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းတိုင်းရင်း သား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။(Xinhua)