Connect with us

Politics, Law & Military

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မ ဟာဗျူဟာ ဆွေးနွေးပွဲကျင်းပ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မ ဟာဗျူဟာ ဆွေးနွေးပွဲကျင်းပစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မ ဟာဗျူဟာ(မူကြမ်း) ရေးဆွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၉)ကို ဇန်နဝါရီ ၂၃ရက် မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မ ဟာဗျူဟာ သည် မျှော်မှန်းချက်များ၊ ရည်မှန်းချက် များနှင့် ရည်ရွယ်ချက်များအတိုင်း ပြီးမြောက်အောင်မြင် အောင် ဆောင်ရွက် နိုင်မည့် မဟာဗျူဟာဖြစ်ရန် လိုအပ်ကြောင်း၊ သို့မှသာအမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ်ရေး လုပ်ငန်းစဉ်မှ ဖော်ထုတ်ရရှိသည့် ဆုံးရှုံး နိုင်ခြေ အန္တရာယ်များလျှော့ချနိုင်မည်ဖြစ် ကြောင်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

မဟာဗျူဟာနယ်ပယ်များ အလိုက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ဆွေးနွေးချက်၊ အကြံပြုချက်များအတိုင်း ထည့်သွင်းထားပြီး အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မဟာဗျူဟာ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးစေလိုကြောင်း၊ ယခုအစည်းအဝေးတွင် မဟာဗျူဟာ(မူကြမ်း) အပေါ် အတည်ပြုသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်း ဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌနှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင်၊ ကော်မတီအဖွဲ့ဝင် နှင့် အထူးဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.