Politics, Law & Military
ဇန်နဝါရီလတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစားအမှုပေါင်း ၃၁၀ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစားအမှုပေါင်း ၃၁၀ မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
နှလုံးထီအမှုပေါင်း ၁၄၀မှု၊ ချဲထီ ၄၀မှု၊ ဖဲ၅၅မှု၊ ဂျင် ၁ မှု နှင့် အခြား ၇၄ မှု ဖြစ်ကြောင်း သိရသည်။ အဆိုပါလောင်းကစားမှုများအတွက် တရားခံ စုစုပေါင်း ၇၉၅ ဦးရှိပြီး လောင်းကြေးငွေကျပ်ပေါင်း ၃၅,၁၈၈,၈၀၀ ရှိကြောင်း သိရသည်။ (Xinhua)