Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား သုံးစွဲမှု ထက်ဝက်ခန့်သည် ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး အမြင့်ဆုံး ဝန်အား ၁၁၅၀ မဂ္ဂါဝပ်အထိ တိုးတတ် သုံးစွဲ

ရန်ုကုန်မြို့၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နှစ်စဉ်တိုးတက်လျက်ရှိသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၂ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အား သုံးစွဲမှု၏ ထက်ဝက်ခန့်သည် ရန်ကုန်တိုင်းဒေသကြီး မှ အသုံးပြုနေပြီး ယခုနှစ် တွင် အမြင့်ဆုံး ဝန်အားအဖြစ် ၁၁၅၀ မဂ္ဂါဝပ်အထိ တိုးတက် သုံးစွဲခဲ့ကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က ယနေ့မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး့၏ ဓာတ်အား သုံးစွဲမှုသည် တိုးတက်လျက်ရှိနေပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး့၌ အမြင့်ဆုံး အသုံးပြုသည့် ဝန်အား သည် ၆၉၀ မဂ္ဂါဝပ်သာ ရှိခဲ့ရာမှ လွန်ခဲ့သည့် ငါးနှစ်ကထက် ဓာတ်အား သုံးစွဲမှု ၂ ဆခန့်မြင့်တက်လာပြီး ယခုနှစ်အတွင်း အမြင့်ဆုံး ဝန်အား ၁၂၅၀ မဂ္ဂါဝပ်အထိ တိုးတက် သုံးစွဲလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး အနေဖြင့် နွေရာသီကာလတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်သုံးစွဲမှုမှာ လုံလောက်ရုံမျှသာ ရှိခဲ့ရာမှ ရန်ကုန်တိုင်းဒေသကြီး့၌ ဓာတ်အားပေး စက်များ ချို့ယွင်းမှုနှင့် သဘာ၀ ဘေးဒဏ်များကြောင့် ဓာတ်အား စနစ် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း ၊ ရန်ကုန်မြို့ကို ပေးနေသည့် ဓာတ်အားသည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ရေအား လျှပ်စစ် စက်ရုံမှ ဓာတ်အားများအား ဝေးလံစွာ သယ်ယူ ပို့ဆောင် ရခြင်းကြောင့် လျှပ်စစ် ဗို့အားများ ကျဆင်းနေခြင်း ဖြစ်ကြောင်း အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က ပြောသည်။
မြန်မာနိုင်ငံလုံးတွင် ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ၇၃၀ မဂ္ဂါဝပ် ၊ ဓာတ်ငွေ့သုံး စက်ရုံများ အနေဖြင့် ၁၀၃၃ မဂ္ဂါဝပ် စုစုပေါင်း ၁၇၆၃ မဂ္ဂါဝပ် အထိ တိုးတက် ထုတ်လုပ်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း ၊ မဂ္ဂါဝပ်အားဖြင့် ၃၀၀ မဂ္ဂါဝပ် တိုးတက်နေရာ နိုင်ငံ၏ လိုအပ်ချက်ကို ပြည့်စုံ လုံလောက်ခြင်း မရှိသေးဘဲ ဓာတ်အားပေး စက်ရုံများကို ထပ်မံ တိုးချဲ့တည်ဆောက်ရန် လိုအပ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ လူတစ်ဦးချင်းစီ၏ လျှပ်စစ် ဓာတ်အား သုံးစွဲနိုင်မှုသည် ၂၀၁၅ ခုနှစ်တွင် ၂၂၂ ကီလိုဝပ်ခန့်သာ ရှိနေပြီး အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှု လျင်မြန်စွာ တိုးတက်စေရန် များစွာ ကြိုးပမ်း ဆောင်ရွက်မှု လိုအပ်နေသေးကြောင်း ၊ မြန်မာနိုင်ငံ၏ ၃၄ ရာခိုင်နှုန်းဖြစ်သည့် အိမ်ထောင်စု ၃.၇ သန်း သာ လျှပ်စစ် ဓာတ်အား အသုံးပြုနိုင်ပြီး ကျန်ရှိသည့် ၆.၃ သန်းခန့်သော အိမ်ထောင်စုများသည် လျှပ်စစ်မီးကို သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထို့ကြောင့် လျှပ်စစ် ဓာတ်အား တိုးမြှင့် ထုတ်လွှတ်နိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍ နှင့် ဓာတ်အား တိုးမြှင့် ထုတ်လွှတ်နိုင်မှုကို ဆောင်ရွက်နေသကဲ့သို့နိုင်ငံပိုင် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်များ စက်စွမ်းရည် ပြန်လည် တိုးတက်ပြီး ဓာတ်အား တိုးတက် ထုတ်လုပ်နိုင်ရန် ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများကို လုပ်ဆောင်ခြင်း ၊ နိုင်ငံပိုင် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ အသစ်ထပ်မံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.