Connect with us

Politics, Law & Military

တိုင်းရင်းသား ပြည်သူ အားလုံး ပင်လုံ စိတ်ဓာတ် အရင်းခံပြီး ညီညွတ်စွာ ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားကြရန် နိုင်ငံတော် သမ္မတ တိုက်တွန်း

နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရာတွင် တိုင်းရင်းသား ပြည်သူ အားလုံးက ပင်လုံစိတ်ဓာတ် အရင်းခံပြီး ညီညွတ်စွာ ပူးပေါင်း လက်တွဲ ဆောင်ရွက် သွားကြရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နှစ် ၇၀ မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းခဲ့သည်။

စုပေါင်း တွေ့ဆုံ၊ စုပေါင်း ဆွေးနွေး၊ စုပေါင်း အဖြေရှာကြမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံကို တိုင်းရင်းသား ပြည်သူ အားလုံးက မျက်မှောက် ပြုကြရန် အထူး အရေးကြီးကြောင်း ၊ မြန်မာနိုင်ငံ၏ နယ်မြေဒေသ အသီးသီးမှာ ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်ရေး နှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ စားဝတ်နေမှု ပြည့်စုံရေး ၊ လုံခြုံမှုရှိရေး ၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်လာစေရေးတို့ အတွက် တောင်ပေါ် မြေပြန့် ၊ ပြည်နယ် ပြည်မ မခွဲခြားဘဲ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ပြည်ထောင်စု အစိုးရ နှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရှမ်းတိုင်းရင်းသားများသည် တောင်တန်းဒေသ တိုင်းရင်းသားများ ဖြစ်ကြသည့် ချင်း၊ ကချင်တို့နှင့်အတူ ပြည်မ နှင့် အတူတကွ လွတ်လပ်ရေး အရယူမယ် ဆိုသည့် ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ်နိုင်ခဲ့ကြောင်း ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုဟာ ပင်မမဏ္ဍိုင် ဖြစ်သည်ဟု ထင်ရှားစေခဲ့သော ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး လွတ်လပ်ရေး ရယူရန် ဆုံးဖြတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြု သောအားဖြင့် ရှမ်းပြည်နယ်နေ့ အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ် ကျင်းပ လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.