Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံအမျိုးသား လူူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ နှင့် မြန်မာနိုင်ငံလူ့ အခွင့်ရေးကော်မရှင်တို့  တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမတွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ က တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့် အရေးတို့သည် တစ်ခုနှင့် တစ်ခုဆက်စပ်လျက်ရှိကြောင်း၊ အဆိုပါ အချက်များမှ တစ်စုံတစ်ခုကို ချိုးဖောက်ခြင်းခံရပါက အခြားအချက်များကို ချိုးဖောက်ခံရသည်နှင့်တူညီကြောင်း၊ လူ့အခွင့်အရေးသည်နက်နဲကျယ်ပြန့်ပါကြောင်း၊ နိုင်ငံသားများ၏ မူလလူ့အခွင့် အရေးသည် မည်သူတစ်ဦးတစ်ယောက်က ပေးသည့်အခွင့်အရေးများ မဟုတ်ဘဲ မွေးရာပါ အခွင့်အရေးများပင်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်အချို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ တရားရုံးများလက်စွဲနှင့် တည်ဆဲဥပဒေတို့တွင် ပါရှိပြီးဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ အခွင့် အရေးတို့သည် ကျွဲကူး ရေပါသလို ရရှိပြီးဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားသည်။

ရဲအချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် ရဲဘက်စခန်းများတွင် အချုပ်သား အကျဉ်းသားများ လူ့အခွင့်အရေး ချိုးဖောက်မှုမခံရစေရေးနှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တရားဥပဒေမဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုများကို နိုင်ငံသူ နိုင်ငံသား များနှင့် နောင်မျိုးဆက်များ မခံစားရစေရေးအတွက် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပိုမိုအရှိန်မြှင့််တင်၍ တည်ဆဲဥပဒေများနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံသားအားလုံး မွေးရာပါလူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ရရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များ၊ ကွန်ဗင်းရှင်းပါအချက်များ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်စေလိုကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်အနေဖြင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်နေမှု၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းကို တိုင်းရင်းသားဘာသာများဖြင့် ဘာသာပြန်ဆိုနေမှု၊ ကော်မရှင်၏ဖွဲ့စည်းပုံ ပြင်ဆင်ဆောင်ရွက်နေမှု၊ ကော်မရှင်၏ အသိပညာပေးဆောင်ရွက်မှုများနှင့် သင်တန်း ဖွင့်လှစ်ပို့ချမှုအခြေအနေများ၊ စုံစမ်းစစ်ဆေးဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရ သည့်အခက်အခဲများနှင့် အာဆီယံအပါအဝင်နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေ အနေများကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.