Politics, Law & Military
နိုင်ငံပိုင်မြေများပေါ် မြို့တည်ရောင်းချနေသူများအား ဥပဒေနှင့်အညီ အရေးယူမည်
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
နိုင်ငံတော်ပိုင်မြေကွက်များကို ကိုယ်ကျိုးစီးပွားအတွက် မြို့တည်ရောင်းချနေသူများအား ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
အစိုးရပိုင် မြေကွက်များကို ကျူးကျော်ကာ နေရောင်းချနေခြင်းများအား လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာအစိုးရ အနေဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
နိုင်ငံတော်မှ ပိုင်ဆိုင်သော မြေနေရာများတွင် ကျူးကျော်နေထိုင်မှုများနှင့် ရောင်းချနေမှုများကို ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် ထိရောက်သော အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လုပ်ဆောင်နေသော စီးပွားရေး လုပ်ငန်း များကိုလည်း ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)