Connect with us

Politics, Law & Military

ပလက်ဝမြို့နယ် ကုလားတန် တံတားပစ္စည်း ဆုံးရှုံးမှုအတွက် လျော်ကြေး ပေးအပ်

ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဟန်ဇော် အမှာစကားပြေကြားစဉ်။

နေပြည်တော်၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန် မြစ်ကူးတံတား စီမံကိန်းသုံး ပစ္စည်းများ ဆုံးရှုံးမှုအတွက် IKBZ အာမခံ ကုမ္ပဏီက ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ ပြန်လည် အစားထိုး လျော်ကြေး ပေးအပ်သည့် အခမ်းအနားကို ယနေ့ ညနေပိုင်း၌ နေပြည်တော်၊ ဆောက်လုပ်ရေး ဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့ရာပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော် တက်ရောက်လျက် ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက “မီလောင် ပျက်စီးသွားတဲ့ တံတားသံပေါင်နဲ့ ဆက်စပ် ပစ္စည်းတွေအတွက် IKBZ အာမခံ ကုမ္ပဏီက အခုလို တာဝန်ယူမှု တာဝန်သိမှု စိတ်ဓာတ်နဲ့ ပြန်လည် အစားထိုး ဆောင်ရွက်ပေးခဲ့တဲ့ အတွက် နိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ပြောခဲ့သည်။

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် ကုလားတန် မြစ်ကူး (ပလက်ဝ) တံတား သည် ယခုအချိန်၌ တံတား အောက်ထည်လုပ်ငန်းများ ပြီးစီးပြီး အပေါ်ပိုင်း သံပေါင်များ တပ်ဆင်ရ မည့်အချိန် ဖြစ်ကြောင်း၊ ယခုနှစ်မတ်လ အလယ်၌ တံတား သံပေါင်များကို ရန်ကုန်မြို့မှ ထုတ်ယူပြီး လုပ်ငန်းခွင်သို့ MV ရတနာဝင်း သင်္ဘောဖြင့် ပို့ဆောင်ခဲ့ရာ မတ်လ ၁၆ ရက် နံနက်၌ AA အဖွဲ့၏ ဖျက်ဆီးမှုကြောင့် အဆိုပါ သံပေါင်နှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးခဲ့ကြောင်း၊ IKBZ ကုမ္ပဏီက ယခုကဲ့သို့ အစားထိုးပေးအပ်မှုကြောင့် ဝန်ကြီးဌာန အနေဖြင့်ရော နိုင်ငံတော်အနေဖြင့်ပါ တံတား သံပေါင်များ ပြန်လည်ထုတ်လုပ်ရမည့် ကုန်ကျစရိတ်များ သက်သာသွားကြောင်း၊ တံတား စီမံကိန်း အချိန်မီ ပြီးစီးအောင် ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ကုလားတန် မြစ်ကူး (ပလက်ဝ) တံတားကြီးကို အရည်အသွေး ပြည့်မီစွာ အချိန်မီ ပြီးစီးပြီး ဒေသခံ ပြည်သူများ ဆောလျင်စွာ အသုံးပြုနိုင်အောင် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဦးမောင်မောင်ဝင်း အမှာစကား ပြောကြားစဉ်။

IKBZ အာမခံ ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးညိုမြင့် ရှင်းလင်း တင်ပြစဉ်။

ချင်းပြည်နယ် အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီး အမှာစကား ပြောကြားစဉ်။

ဆုံးရှုံးသွားသည့် ပလက်ဝမြို့နယ် ကုလားတန်တံတား ပစ္စည်းများအား ပြန်လည်အစားထိုး ပေးအပ်ခြင်း အခမ်းအနား ကျင်းပနေစဉ်။

တံတား ပစ္စည်းများ ပြန်လည် အစားထိုး ပေးအပ်နေစဉ်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးတို့က အမှာစကား များ အသီးသီး ပြောကြားခဲ့ကြပြီး IKBZ အာမခံ ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးညိုမြင့်က အစားထိုး ပြန်လည်ပေးအပ်သည့် ကျပ်ငွေ ၄၉၁၀ သိန်းကို ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်၌ စတင်ခဲ့သော ကုလားတန်မြစ်ကူး တံတား (ပလက်ဝ) သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်၀ – မီဇိုရမ် လမ်းပေါ်တွင် တည်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသော တံတား ဖြစ်သည်။ နှစ်နိုင်ငံ စီးပွားရေးအတွက် အရေးကြီးသည့် ကုလားတန် မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းတွင်လည်း ပါဝင်လျက်ရှိပြီး လာမည့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် ချင်းပြည်နယ်နေ့၌ တံတားဖွင့်ပွဲကိုပါ ပူးတွဲ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.