Politics, Law & Military
ပဲခူးတိုင်းဒေသကြီးတွင် တရားမဝင် ပျဉ်းကတိုးသစ် ၅၁တန် ဖမ်းမိ
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်း၊ အကွက်အမှတ်(၃၄)အတွင်း မတ် ၂၃ရက်နေ့၌ တရားမဝင်ပျဉ်းကတိုးသစ် (၉၇)လုံး တန်အားဖြင့် (၅၁.၈၇၈၆)တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အလားတူ မတ်လ ၂၄ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အင်းဒိုင်းကျေးရွာအုပ်စုနှင့် အလှော်ကျေးရွာအုပ်စုအကြား ကြိုးပြင်တောအတွင်း၌ တရားမဝင်ကညင်ခွဲသား (၂၀၅)ချောင်း တန်အားဖြင့် (၂၇.၃၅၉၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ တရားမဝင်သစ်များနှင့် ဆက်စပ်တရားခံများ အား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)