Connect with us

Politics, Law & Military

ဘားအံမြို့နယ်တွင် ငွေကျပ် ၄,၈၃၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွဆေးပြားများ နှင့် အတူဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဘားအံမြို့နယ်တွင် ငွေကျပ် ၄,၈၃၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ ရက်နေ့ ၁၁း၀၀ နာရီ အချိန် ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ဘင်ဂျီကျေးရွာအုပ်စု၊ ဘုရင့်ညီနောင်လှိုဏ်ဂူမုခ်ဝ၌ မနန်းဘိုင်ခမ်း မောင်းနှင်လာသည့်မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော် ယာဉ်ရှေ့ခန်းထိုင်ခုံပေါ်ရှိ မိန်းမကိုင် လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၁,၀၀၀ ပြား၊ ငွေကျပ် ၃ သိန်း၊ လက်ကိုင်ဖုန်း တစ်လုံး၊ ယာဉ်၏နောက်ခန်းရှိ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား၊ (စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၆၁,၀၀၀ ပြား) တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မနန်းဘိုင်ခမ်း (၅၃)နှစ် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.