Politics, Law & Military
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ဗုံးသီးဟောင်း ၂ လုံး တွေ့ရှိမှုဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ဗုံးသီးဟောင်း ၂ လုံး တွေ့ရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ၁၀း၄၅နာရီ ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်၊ အထက်ဆည်ပြုပြင်ခြင်းလုပ်ငန်းခွင်၌ ဦးမောင်မောင်ကျော်(၄၈)နှစ်သည် ဘတ်ဟိုးယာဉ်ဖြင့် မြေတူးဖော်စဉ် အရှည် ၁၅ လက်မ၊ အချင်း ၂.၅ လက်မခန့်ရှိ ဗုံးသီးဟောင်း ၁ လုံး(ဒလက်မပါ)နှင့် အရှည် ၂၃ လက်မ၊ အချင်း ၁၅ လက်မခန့်ရှိ ဗုံးသီးဟောင်း ၁ လုံး(ဒလက်ပါ)စုစုပေါင်း ဗုံးသီးဟောင်း ၂ လုံးတို့အား တွေ့ရှိသဖြင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ပြီး သိမ်းဆည်းသွားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)