Connect with us

Politics, Law & Military

မိတ္ထီလာမြို့နယ်၌ စစ်ကျန် ဗုံးသီးဟောင်း ၁၃ လုံး တွေ့ရှိ

စစ်ကျန် ဗုံးသီးဟောင်း ၁၃ လုံးအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြှာကျေးရွာအုပ်စု ရှမ်းတဲကျေးရွာတွင် ဧပြီ ၃ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်၌ စစ်ကျန် ဗုံးသီးဟောင်း ၁၃ လုံး တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရှမ်းတဲကျေးရွာ၌ အလျား ၁၆ လက်မ လုံးပတ် ၁၂ လက်မခန့်ရှိ စစ်ကျန်ဗုံးသီး ဟောင်းခုနစ်လုံး၊ အလျား ၁၂ လက်မ လုံးပတ် ၁ဝ ဒသမ ၅ လက်မ ခန့်ရှိ စစ်ကျန်ဗုံးသီးဟောင်းသုံးလုံး၊ အလျား ၅ လက်မ လုံးပတ် ၅ လက်မခန့်ရှိ စစ်ကျန်ဗုံးသီး ဟောင်းသုံးလုံး စုစုပေါင်း စစ်ကျန်ဗုံးသီးဟောင်း ၁၃ လုံး တွေ့ရှိခဲ့ ကြောင်း သိရ သည်။

စစ်ကျန်ဗုံးသီးဟောင်း ၁၃ လုံးအား ဧပြီ ၃ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် သက် ဆိုင်ရာနယ်မြေတပ်သို့ အပ်နှံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.