Connect with us

Politics, Law & Military

မူဆယ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၄,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူနှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား များ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မူဆယ်မြို့နယ်တွင် ငွေကျပ် ၁၄,၉၀၉ .၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၀၉း၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှတပ်ဖွဲ့ဝင်များ၊ မူဆယ် ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကျေးရွာ၊ ၁၀၅မိုင်-နမ့်ဖတ်ကာသွားလမ်း၊ ၁၀၅ မိုင်အထွက် ORIENTAL HIGH WAY တိုးဂိတ်အနီးတွင် မသကာၤသည့် ယာဉ်အား ရှာဖွေရာ ယာဉ်၏အလယ်ခန်းရှိ အစိမ်းရောင်ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃.၁၆၈ သိန်း၊ ယာဉ်၏ နောက်ခန်းရှိ အစိမ်းရောင် ပီနံအိတ်နှစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆.၇၇၁၆ သိန်း (စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ . ၉၃၉၆ သိန်း) (ကာလတန်ဖိုး ငွေကျပ် ၁၄,၉၀၉ .၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ) နှင့် ကီးပက်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သယ်ဆောင်လာသူ နှစ်ဦးအား စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.