Politics, Law & Military
မောင်တောမြို့နယ်တွင် ငွေကျပ် ၃,၅၂၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၃,၅၂၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ဖြစ်စဉ်မှာ မတ် ၂၇ ရက်နေ့ ၀၆း၅၅ နာရီ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာအနီး၊ နတ်မြစ်အတွင်း၌ လက်ခတ်လှေတစ်စီးလှော်ခတ်နေသည့် ဟိုင်ဘီအူလာ၊ မာမတ်ဆာဗစ်နှင့် အန်ဆန်ဒူလာတို့အား စိတ်ကြွရူးသွပ်ဆေးပြားများပါသည့် ဆာလာအိတ်တစ်အိတ်နှင့်အတူ တွေ့ရှိရ၍ မူးယစ်တပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၆,၄၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဟိုင်ဘီအူလာ(၄၀)နှစ် ၊မာမတ်ဆာဗစ်(၂၆)နှစ် နှင့် အန်ဆန်ဒူလာ(၂၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)