Politics, Law & Military
မံစီမြို့နယ်အတွင်း ကျပ်သိန်း ၃၆၀တန်ဖိုးရှိ တရားမဝင်ကျွန်းသစ်ခွဲသားများ သိမ်းဆည်းရမိ
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း နန့်ဟန်ကျေးရွာ၏အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာတွင် တရားမဝင်စုပုံထားသော ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၃၄၈ တုံး(ခန့်မှန်း ၄၅ . ၇၄ တန်ခန့်) (စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်း ၃၆၀ကျော်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် မတ် ၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နန့်ဟန်ကျေးရွာ၏အနောက်မြောက်ဘက် တွင် တရားမဝင်စုပုံထားသော ကျွန်းသစ်ခွဲသားများတွေ့ရှိ၍ သိမ်းဆည်းခဲ့ပြီး အဆိုပါသိမ်းဆည်းရမိသော တရားမဝင်သစ်များအား မံစီမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ လျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)