Connect with us

Politics, Law & Military

အမျိုးသမီးအခွင့်အရေးအတွက် တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အမျိုးသမီးလုပ်ငန်းရှင်များတွေ့ဆုံပွဲ အခမ်းအနား တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

အမျိုးသမီးအခွင့်အရေးအား စဉ်းစားသည့်အခါ တရားဥပဒေစိုးမိုးရေးသည် အင်မတန်အရေးကြီးကြောင်း ၊ တရားဥပဒေစိုးမိုးမှု မရှိပါက အမျိုးသမီးများ တန်းတူအခွင့်အရေးရရန် ဥပဒေများ ပြဌာန်းသော်လည်း ထိုဥပဒေများသည် စက္ကူပေါ်တွင်သာ ရှိပြီး လူ့အသိုင်းအဝိုင်းတွင် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အမျိုးသမီးလုပ်ငန်းရှင်များ စကားဝိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းကြည်က “ဥပဒေအရကြည့်လျှင် တချို့နိုင်ငံသည် မြန်မာနိုင်ငံထက် သာနေတာတွေ့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ဥပဒေကိုပဲ ကြည့်လို့မရပါဘူး။ ဥပဒေရဲ့ အကျိုးသက်ရောက်မှုကိုလည်း ကြည့်ရမှာဖြစ်ပါတယ်’’ ဟုပြောသည်။

မြန်မာနိုင်ငံ၏ အမျိုးသမီးလှုပ်ရှားမှုဆိုင်ရာ ရက်သတ္တပတ် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အမျိုးသမီးလုပ်ငန်းရှင်များတွေ့ဆုံပွဲ အခမ်းအနားအား ယနေ့ မတ်လ ၆ ရက်နေ့တွင် နေပြည်တော် Kempinski (ကမ်ပန်းစကီးဟိုတယ်) ၌ အစီအစဉ် ၇ခု ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲတွင် ဒေါ်အောင်ဆန်းကြည် နှင့် အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင် ၉ ဦး ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် က “မြန်မာနိုင်ငံမှာ အမျိုးသမီးများသည် အမျိုးသားများ နှင့် တန်းတူအခွင့်အရေးရှိကြောင်း ပြောဆိုလေ့ရှိပါတယ်။ တကယ်တော့ မှန်ကန်မှု မရှိကြောင်း လူအများ သိပြီးဖြစ်ပါတယ်။ ကမ္ဘာကြီးမှာကိုက အမျိုးသားများဟာ သမိုင်းအစဉ်အလာအရ အမျိုးသမီးများထက် ပိုပြီးအခွင့်အရေးတွေများခဲ့ပါတယ်။’’ ဟုပြောကြားသည်။

၂ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အားမေးခွန်းများ မေးမြန်းဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

Business talk ဆိုသည့် စကားဝိုင်းတွင် စီးပွားရေးဘက်မှ ငြိမ်းချမ်းရေးကို မည်သို့ ပံ့ပိုးပေးနိုင်မလဲဆိုသည့် အမြင်နှင့် ဆွေးနွေးသွားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ နိုင်ငံတစ်နိုင်ငံတွင် ငြိမ်းချမ်းရေး မရှိဘဲ စီးပွားရေး ဖ့ွံဖြိုးတိုးတက်နိုင်မည်မဟုတ်ကြောင်း၊ စီးပွားရေးကို အားပေးခြင်းသည် လူသားများ၏ အကျိုးစီးပွားကို အားပေးခြင်းဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုအတွက် အကျိုးစီးပွားကို အားပေးခြင်း မဟုတ်ကြောင်း၊ လူသားများအားလုံး ၏ အကျိုးစီးပွားကို ဦးတည်ပြီး စီးပွားရေးကို အားပေးခြင်းဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။

လူသားများတွင် စိတ်ပိုင်း၊ ရုပ်ပိုင်းရှိသည့် အနက် ရုပ်ပိုင်းအားလျစ်လျူရှု၍ မရကြောင်း၊ စီးပွားရေးသည် ရုပ်ပိုင်းပံ့ပိုးမှုအတွက် အရေးကြီးသလို၊ စိတ်ပိုင်းပံ့ပိုးမှုအတွက်လည်း အင်မတန်ထိရောက်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ၏ အခွင့်အရေးအားစဉ်းစားသည့်အခါ ကမ္ဘာတစ်လွှား မိမိတို့နိုင်ငံသည် အမျိုးသမီးများ၏ အခွင့်အရေး နှင့် ပတ်သက်၍ တန်းတူညီတူ ရှိကြောင်းပြောနိုင်မနိုင် ဆိုသည့် အချက်အား စဉ်းစားရမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများ အခွင့်အရေးရခြင်း အားဖြင့် နိုင်ငံတစ်နိုင်ငံ၏ စံနှုန်းစံထားများသည် မြင့်မားလာကြောင်း၊ အမျိုးသမီးများသည် မိမိတို့ အခွင့်အရေးများအား တောင်းရုံသာမက၊ မိမိတို့ ၏ တာဝန်များအား ကျေပွန်စွာထမ်းဆောင်ရန် စိတ်အားထက်သန်ကြောင်း ကို အမျိုးသမီးများအား ပြစေချင်ကြောင်း ဒေါ်အောင်ဆန်းကြည်က ထည့်သွင်းပြောကြားခဲ့သည်။

သူကပဲ “အခွင့်အရေးတောင်းပြီး တာဝန်အား အစိုးရလုပ် ဆိုရင် ကျွန်မတို့ ဒီမိုကရေစီစံနှုန်းစံထားများ နဲ့ ကိုက်ညီမှုမရှိပါဘူး။ မိမိတွင် အခွင့်အရေးရှိသမျှ တာဝန်ယူရခြင်းကို ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ တာဝန်ကိုလည်း မလုပ်မဖြစ်လုပ်ရမယ့် ဝန်ထုတ်ဝန်ပိုးဆိုပြီး မစဉ်းစားဘဲ တာဝန်ယူပိုင်ခွင့် ရခြင်းကို အခွင့်အရေးလို့ မှတ်ယူပြီး နိုင်ငံသားတစ်ယောက် ရသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။အဲ့ဒါကြောင့် ကျွန်မတို့တွေဟာ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ စိတ်ဓာတ် နဲ့ အမျိုးသမီးများ အနေနဲ့ နိုင်ငံတိုးတက်ရေး၊ ကမ္ဘာကြီးတိုးတက်ရေး အတွက် ဦးတည်ပြီး လုပ်စေချင်ပါတယ်’’ ဟုပြောသည်။

လူသားများတိုးတက်ရေးအတွက် အဓိကကျသည့် ကိစ္စသည် ငြိမ်းချမ်းရေးဖြစကြောင်း၊ ငြိမ်းချမ်းရေးဆိုရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသာမက တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးဖြစ်ကြောင်း ၊ ငြိမ်းချမ်းချင်သည့် စိတ်ဓာတ်ရှိမှ ငြိမ်းချမ်းရေးအား ရနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို တကယ်မလိုလားဆိုပါက ပါးစပ်က မည်သို့ပြောသည်ဖြစ်စေ ငြိမ်းချမ်းရေး ရနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများသည် ငြိမ်းချမ်းရေးရရန် ကျွန်မတို့နိုင်ငံ နှင့် ကျွန်မတို့ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေး ရရန် မည်သို့သောစိတ်ဓာတ်များ လိုအပ်သည်ဆိုသည်ကို သေချာစဉ်းစား ဆင်ခြင်ပြီး မိမိတို့ လုပ်ရသည့် တာဝန်များ နှင့် ဒွန်တွဲ၍ ထိုကဲ့သို့သော စိတ်ဓာတ်များ ရှင်သန်တိုးတက်လာစေရန် ကူညီပေးစေချင်ကြောင်းဟူသည့် အချက်အား ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသမီးများ မှ မေးခွန်းမျာ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.