Politics, Law & Military
မျက်နှာဖုံးစွပ် လူ၁၀ဦးက ဓားဖြင့်ခုတ်သတ်မှုတွင် ပါဝင်သူတစ်ဦး ဖမ်းမိ
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကျေးရွာအုပ်စု တာဝန်ခံအား မျက်နှာဖုံးစွပ် လူ၁၀ဦးက ဓားဖြင့်ခုတ်သတ်မှုဖြစ်စဉ်၌ ပါဝင်သူတစ်ဦးအား ဖမ်းဆီးရမိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ယင်း မောင်တောမြို့နယ် ဖွေရာရွာနေ တပ်ဦးချောင်းကျေးရွာ အုပ်စုတာဝန်ခံအား ဇွန် ၁၇ ရက်နေ့က ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း သိရသည်။
အလားတူ မောင်တောမြို့နယ် ပဒင်းကျေးရွာအုပ်စု ချောင်းတကာရွာနေ ရာအိမ်မှူးတစ်ဦးကိုလည်း ဇွန် ၂၄ ရက်နံနက် ၂ နာရီ၁၅ မိနစ်တွင် အနက်ရောင်မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ လူ ၁၅ ဦးခန့်က ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။(Xinhua)