Connect with us

Politics, Law & Military

ရဲတပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်များ ပြောင်းလဲတပ်ဆင်ပေးခြင်းကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ပေးဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါက်ကွဲမှုဖြစ်စဉ်အတွင်း လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်အားတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် သုံးစွဲနေသော ခေတ်မမီလက်နက်များအစား ခေတ်မီလက်နက်များ ပြောင်းလဲတပ်ဆင်ပေးခြင်းကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောကြားသည်။

ရဲတပ်ဖွဲ့များ အသုံးပြုသော ခေတ်မမီ လက်နက်များအစား လက်ရှိအခြေအနေနှင့် ကိုက်ညီသော ခေတ်မီမောင်းပြန် လက်နက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လူစုလူဝေးများကို လူစုခွဲရာတွင် အသုံးပြုသည့် အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များအား ဝယ်ယူပြီး ခေတ်ကာလနှင့်အညီ ပြောင်းလဲတပ်ဆင် ပေးခြင်းကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် လက်နက်ကိရိယာများ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ်နှင့် စက်သုံးဆီများ၊ ယူနီဖောင်းများနှင့် ရိက္ခာများ၊ ခရီးစရိတ်များကို လက်ရှိကာလ အခြေအနေနှင့် ကိုက်ညီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေ ခွင့်ပြုချက် တင်ပြတောင်းခံ၍ ဖြည့်တင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ဗိုလ်ချုပ် အောင်စိုးက ပြောသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် လက်ဗွေရာစနစ်၊Social Forensic (မှုခင်းဆိုင်ရာ လူမှုရေးဝက်ဘ်ဆိုက်များ စစ်ဆေးသည့်ပစ္စည်း) ပုံရိပ်အား လျင်မြန်စွာဖော်ထုတ် စစ်ဆေးပေးနိုင်သည့် Portable X-Ray စက်၊ Hand Held Explosive Sniffer (လက်ကိုင်သုံး ပေါက်ကွဲပစ္စည်းအနံ့ခံစက်)၊ Drone ပျံသန်းမှုကို ရပ် Skynet Anti-Drone System စက်၊ Video Pole Camera ၊ Bullet Catcher Collection Chamber (ပစ်ခတ်လိုက်သည့် ကျည်ဆန်ကို ဖမ်းယူသည့်ပစ္စည်း) စသည်တို့ကို ထပ်မံဝယ်ယူ ဖြည့်တင်းရန် စီစဉ်ထားရှိကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ၂ဝ၁ဝ ပြည့်နှစ်ထိ မော်တော်ယာဉ် ၁၈၄၄ စီး ရှိခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ မော်တော်ယာဉ် ၂၆၄၈ စီး ထပ်မံဖြည့်တင်း နိုင်ခဲ့၍ စုစုပေါင်း ၄၄၉၂ စီးကို ဖြန့်ခွဲသုံးစွဲလျက်ရှိကြောင်း၊ မော်တော်ယာဉ်များအတွက် ၂ဝ၁ဝ ပြည့်နှစ်တွင် တစ်လလျှင် စက်သုံးဆီ ဂါလန် ၅ဝဝဝဝ ခန့်သာရရှိခဲ့ပြီး လက်ရှိတွင် တစ်လလျှင် ဂါလန် ၁၇၃၆ဝ၉ အထိ တိုးမြှင့် ဖြန့်ဝေသုံးစွဲလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.