Connect with us

Politics, Law & Military

မြန်မာ-ယူကရိန်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် နိုင်ငံ ခေါင်းဆောင်များနှင့် ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးတို့ဆွေးနွေး

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ယူကရိန်း နိုင်ငံခြားရေး ၀န်ကြီး တွေ့ ဆုံစဉ်(ဓာတ်ပုံ-Myanmar President Office)

နေပြည်တော် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

မြန်မာ-ယူကရိန်း နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အား နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ယူကရိန်းနိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Pavlo Klimkin တို့သည် ယနေ့ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယူကရိန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအား တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူများ အကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်း ကဏ္ဍနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင် နိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် နှင့် ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံစဉ်(ဓာတ်ပုံ- Ministry of Foreign Affairs Myanmar)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်၊ နို်င်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးကဏ္ဍများပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူအချင်းချင်းကူးသန်းဆက်ဆံရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၉၉ခုနှစ်၊ ဇန်နဝါရီလ ၁၉ရက်နေ့မှ စတင်ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းနိုင်ငံသံအမတ်ကြီးသည် ထိုင်းနိုင်ငံတွင်အခြေစိုက်ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ယူကရိန်းနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးကိုလည်း ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.