Connect with us

Politics, Law & Military

မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်ဥပဒေ (မူကြမ်း) နှင့်ပတ်သက်၍ဆွေးနွေးရန်ဖိတ်ခေါ်

မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်ဥပဒေ (မူကြမ်း) အား ဧပြီလ ၅ ရက်နေ့တွင်လွှင့်တင်ထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်ဥပဒေ (မူကြမ်း) နှင့်ပတ်သက်၍ အကြံပြုသဘောထားမှတ်ချက်ပြုနိုင်ရေးအတွက် Public Consultation (ပြည်သူ့အကြံပြုချက်များ) ပြုလုပ်မည့် အစီအစဉ်အား ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ဆွေးနွေး အကြံပြုနိုင်ရန် ဖိတ်ခေါ်အပ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ထိုအစီအစဉ်ကို မေလ ၁၅ ရက်နေ့ ၊နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ပုဇွန်တောင်ဆက်သွယ်ရေးသင်တန်းကျောင်း၌ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၆ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ရေးဆွဲနေသည့် မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်ဥပဒေ (မူကြမ်း) အား ဧပြီလ ၅ ရက်နေ့တွင် ဝန်ကြီးဌာန၏ Website www.motc.gov.mm တွင် အများပြည်သူဖတ်ရှုအကြံပြုနိုင်ရေး လွှင့်တင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.