Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများတွင် ပါဝင် ပံ့ပိုး ပေးကြရန် ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသည့် အခြေအနေများ နှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ်ရေး ၊ အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာ အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများတွင် ပါဝင် ပံ့ပိုး ပေးကြခြင်း သည်သာ ဤကိစ္စ ဖြေရှင်းရေး အတွက် အကောင်းဆုံး ကူညီနိုင်မည့် နည်းလမ်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသည့် အခြေအနေများ နှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် အခြား နိုင်ငံများ၏ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေး လုပ်ငန်း အစီ အစဉ် တွင် ပါဝင် ကူညီ ပံ့ပိုးရန် ကမ်းလှမ်းမှုများကို မြန်မာ အစိုးရ အနေဖြင့် ကြိုဆို သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

နေရပ်စွန့်ခွာ တိမ်းရှောင်ကြရသည့် လူမှု အသိုက်အဝန်းများ အားလုံး အတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများကို ဘက်လိုက် ခွဲခြားမှု မရှိစေပဲ ပေးအပ်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

ကြက်ခြေနီ လှုပ်ရှားမှု အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မှုဖြင့် တည်ထောင် ထားသော မြန်မာ အစိုးရ ဦးဆောင် သည့် အကူအညီ ပေးရေး ယန္တရား တစ်ရပ်မှ တစ်ဆင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးအပ်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်မှုတွင် တိုက်ခိုက်မှုများမှာ မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို ဆောလျင်စွာ အကောင်အထည် ဖော်ခြင်းမှ တဆင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြသနာအား ရေရှည် ဖြေရှင်း နိုင်ရေး အတွက် မြန်မာ အစိုးရ၏ ကြိုးပမ်း အားထုတ် နေမှုကို အင်အား ချိနဲ့သွားစေရန် ကြံရွယ် ဆောင်ရွက်ခဲ့သည်မှာ သိသာ ထင်ရှားကြောင်း ဖော်ပြထားသည်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ဆင်ရေး ဆောင်ရွက်ရာတွင် ဥပဒေ စည်းမျဉ်း စည်းကမ်းများအား တိကျစွာ လိုက်နာကြရန် နှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် အတွက် လည်းကောင်း ၊ တည်ငြိမ်မှု ပြန်လည် ရရှိရေး အတွက် မိမိတို့၏ တရားသော တာဝန်ကို ထမ်းဆောင်ကြရာတွင် အပြစ်မဲ့ ပြည်သူများအား မထိခိုက်စေရေး နှင့် မလိုလား အပ်သည့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အပြည့်အ၀ ကြိုးပမ်း ဆောင်ရွက်ကြရန် လည်းကောင်း ညွှန်ကြားထားရှိပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိလျှင် လည်းကောင်း ၊ တည်ငြိမ်ရေး ၊ သဟဇာတ ဖြစ်ရေး နှင့် တရားဥပဒေ စိုးမိုးရေး တို့ကို ထိခိုက် အားနည်း စေနိုင်သော လုပ်ရပ် မှန်သမျှကို လည်းကောင်း ၊ တရား ဥပဒေ စံနှုန်းများ နှင့် အညီ တိကျစွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အကျိုးဆက် အနေဖြင့် ရခိုင် တိုင်းရင်းသားများ ၊ ဟိန္ဒူ ဘာသာဝင် များနှင့် လူနည်းစု တိုင်းရင်းသားများ ဖြစ်ကြသည့် မြို ၊ ဒိုင်းနက် နှင့် ကမန် တို့အပါအဝင် လူမှု အသိုင်းအဝိုင်း အားလုံးမှ ပြည်သူများလည်း မိမိတို့၏ နေရပ်ကို စွန့်ခွာ တိမ်းရှောင်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ၊ ၎င်းလူနည်းစု တိုင်းရင်းသားများ၏ ဒုက္ခကံကြမ္မာများကိုမူ နိုင်ငံတကာက မသိကျိုးကျွံ ပြုခဲ့ကြသည်ကို စိတ်မကောင်း ဖွယ်ရာ တွေ့ရှိရကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.