Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နေရာတွင် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ဦးလှအေးအားအတည်ပြု
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ဦးလှအေးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် အတည်ပြုခဲ့သည်။
အဆိုပါ လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေး (၁/၂၀၀၈) ပထမနေ့အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီမှုရယူရန် လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့ပြီး ယနေ့၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်သို့ အမည်စာရင်းပေးသွင်းရန်နှင့် ဖွဲ့စည်းပုံအခြေခံပုဒ်မ (၃၁၀)ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံပါက ခိုင်လုံသည့် သက်သေအထောက်အထားများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၅၄)နှင့်အညီ ပူးတွဲတင်ပြရန် လွှတ်တော်ဥက္ကဋ္ဌက ဒီဇင်ဘာ ၁၁ ရက် လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သော်လည်း ကန့်ကွက်မည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသဖြင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၅၂)အရ လွှတ်တော်က သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ (Xinhua)