Connect with us

Politics, Law & Military

ရွှေစင် ရွှေတုံး၊ စိန်နှင့် မြတို့အား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးရန် အစိုးရအဖွဲ့ တင်ပြ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာပါ ကုန်စည်အချို့ အပေါ်တွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်လွတ်ခွင့်ပြုရေး နှင့် ပတ်သက်ပြီး ရွှေစင်၊ ရွှေတုံးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် နှင့် စိန် နှင့် မြတို့အား အထူးကုန်စည်ခွန် ကောက်ခံခြင်းမှ ကင်လွတ်ခွင့် ပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင် မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

“ရွှေစင် ရွှေတုံးကို နိုင်ငံတကာမှာ ငွေကြေးကဲ့သို့ တန်ဖိုးသတ်မှတ်ပြီး အသုံးပြုလျက်ရှိရာ ရွှေစင် ရွှေတုံး ထုတ်လုပ်မှုနှင့် ရောင်းချမှုတိုင်းအတွက် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံခြင်းသည် ရွှေစင် ရွှေတုံးများအား ဈေးဖွင့် ရောင်းချရာတွင် ကမ္ဘာ့ ရွှေဈေးကွက် ဈေးနှုန်းဖြင့် ရောင်းချခြင်း မပြုနိုင်ဘဲ ရွှေဈေးနှုန်း တည်ငြိမ်မှုကို ထိခိုက်နိုင်စေပါတယ်” ဟု ၎င်းက တင်ပြခဲ့သည်။

ထို့အတူ စိန်နှင့် မြတို့သည်လည်း ပြည်တွင်း ထုတ်လုပ်မှု မရှိသည့်အတွက် ပြည်တွင်း အထူး ကုန်စည်ခွန် ဥပဒေအရ ပြည်တွင်းထုတ်လုပ်မှုအပေါ်တွင် ကောက်ခံ ရရှိနိုင်မည် မဟုတ်ဘဲ ပြည်ပမှ တင်သွင်းမှု အပေါ်တွင်သာ ကောက်ခံရရှိမှာ ဖြစ်ကြောင်း၊ စိန်နှင့် မြတို့အား အထူးကုန်စည်ခွန် ကင်းလွတ်ခွင့် ပြုခြင်းအားဖြင့် ပြည်ပမှ စရိတ်သက်သာစွာဖြင့် တရားဝင် တင်သွင်းနိုင်ပြီး အိမ်နီးချင်း ထိုင်း အိန္ဒိယ နိုင်ငံတို့ကဲ့သို့ လက်ခစား ကျောက်သွေး လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ကျောက်သွေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေနိုင်ကြောင်း၊ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ ကျောက်သွေးပညာရပ် ပိုမို တိုးတက်လာပြီး ပြည်တွင်းထွက် ကျောက်စိမ်းနှင့် ပတ္တမြားကဲ့သို့သော ကျောက်မျက်များအတွက်ပါ နိုင်ငံတကာ အဆင့်မီ ကုန်ချော ကုန်စည်အဖြစ် ထုတ်လုပ် ရောင်းချနိုင်ပြီး ဈေးနငန်းပိုမို ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမှာ ဖြစ်ကြောင်း၊ သို့ပါ၍ စိန်နှင့် မြတို့အပေါ် အထူးကုန်စည်ခွန် ကောက်ခံခြင်းနှင့် ရွှေစင် ရွှေတုံးတို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့ကို ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကင်းလွတ်ခွင့်ပြုပါရန်၊ စိန်နှင့်မြတို့အား အထူးကုန်စည်ခွန် မကျသင့်သည့် ကုန်စည် အဖြစ်လည်းကောင်း၊ ရွှေစင် ရွှေတုံးတို့အား ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်အဖြစ်လည်းကောင်း အထူး ကုန်စည် ခွန် ဥပဒေနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေများအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် များနှင့်အညီ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြပါကြောင်း ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောခဲ့သည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်နှင့် ပတ်သက်ပြီး ဆွေးနွေးလိုသူများ လွှတ်တော် ကော်မတီ တစ်ရပ်ရပ် အား ကိုယ်စားပြု၍ ဖြစ်စေ တစ်ဦးချင်းအနေနှင့်ဖြစ်စေ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် များသည် ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၄ း ၀၀ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းကြနိုင်ပါကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ (Xinnhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.