Politics, Law & Military
လားရှိုးမြို့၊သိန္နီမြို့နှင့် မူဆယ်မြို့တို့တွင် ငွေကျပ် (၁,၁၈၅) သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
လားရှိုးမြို့၊သိန္နီမြို့နှင့် မူဆယ်မြို့တို့တွင် ငွေကျပ် (၁,၁၈၅) သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ၀၉း၃၀ နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ နားမခေါ်ကားကြီးဝင်းရှိ ခရီးသည်တင်မှန်လုံ မော်တော်ယာဉ်ဂိတ်တွင် ခရီးသည်သန်းဝင်းအားရှာဖွေရာ ၎င်း၏ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၉,၂၅၀)ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးကိုလည်းကောင်း၊ အလားတူ ၁၃း၃၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ပန်စုံ ကျေးရွာ၊ နတ်စင်အနီးတွင် ခရီးသည်တင်မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်၏နောက်ခန်းရှိ ပီနံအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၀,၀၀၀)ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ ၁၄း၀၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ နာရီစင်နှင့် ၅၅ လမ်းကြားရှိ ခရီးသည်တင်မော်တော်ယာဉ်ဂိတ်၌ ဂိတ်စာရေး မနန်းရင်ရင်ခိုင်အား ဆက်လက် ဖမ်းဆီးကာ သန်းဝင်း (၄၆)နှစ်၊ စိုင်းလောင်ခမ်း(ခ) အိုက်လောင်၊ (၂၄)နှစ်နှင့် မနန်းရင်ရင်ခိုင်(၃၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)