Politics, Law & Military
ဝမ်းတွင်းမြို့၌ ကျည်မျိုးစုံ ၁၄၇တောင့် တွေ့ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
ဝမ်းတွင်းမြို့ (၂)ရပ်ကွက် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းဘေး မိုင်တိုင် (၃၅၇/၇)နှင့်(၃၅၈/ဝ)ကြား မြက်ခင်းပေါ်၌ စက္ကူဗူးများဖြင့် ထည့်ထားသည့် ကျည်မျိုးစုံ ၁၄၇တောင့်ကို နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၁၁နာရီ ဝန်းကျင်က တွေ့ရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြက်ခင်းပေါ်၌ ၃၈ဗို့ကျည် (၂၀)တောင့်၊ .၃၂ဗို့ ကျည်(၅၀)တောင့်နှင့် အမျိုးအမည်(စိစစ်ဆဲ) ကျည်(၇၇)တောင့်၊ ပေါင်း(၁၄၇)တောင့် တွေ့ရှိသဖြင့် ဝမ်းတွင်းမြို့မ ရဲစခန်းမှ ဒုရဲမှုး မြင့်သန်း ဦးစီးအဖွဲ့မှ သွားရောက်စစ်ဆေးပြီး အဆိုပါ ကျည်များအား စအရ(၉၁၀)(မိတ္ထီလာ)မှ တပ်ကြပ်ကြီး မြင့်နိုင် နှင့်အဖွဲ့ထံ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။(Xinhua)