Connect with us

Politics, Law & Military

သမ္မတ ဦးထင်ကျော် ပထမဆုံးအကြိမ် လာအိုသို့ သွားရောက်မည်

နိုင်ငံတော် သမ္မတ ဦးထင်ကျော် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် မကြာမီ ရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် နိုင်ငံခြား ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန် လိုက်သည်။

လာအို ပြည်သူ့ဒီမို ကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ်တို့၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ မကြာမီကာလ အတွင်း ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်သည်။
လာအိုနိုင်ငံ ၊ Luang Prabang မြို့တွင် မေလ ၅ ရက်ကနေ ၉ ရက်နေ့အထိ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ၊ အာဆီယံ အဆင့်မြင့် အရာရှိ စည်းဝေးပွဲနှင့် အာဆီယံ ဒေသတွင်း ညီလာခံများ ကျင်းပမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ သမ္မတ အနေဖြင့် အဆိုပါ အစည်းအဝေးပွဲသို့ တက်ရောက်ရန် သွားရောက်ခြင်း မဟုတ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.