Politics, Law & Military
အကြိမ် (၃ဝ) မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် အတွက် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်မည့် အကြိမ် (၃ဝ) မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြား ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် အတွက် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt.Gen.Somsak Nilbanjerdkul (အယ်လ်တီ ဂျန်ဆိုမက်စ် နေလ်ဘန်ဂျာကူး) ဦးဆောင်သော အဖွဲ့ရောက်ရှိပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
၎င်းကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၀ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Lt. Gen. Somsak Nilbanjerdkul ဦးဆောင်သော အဖွဲ့သည် မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် အဖွဲ့ဝင် များလိုက်ပါ၍ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ ဘုရားအား ဖူးမြော်ကြည်ညို ကြပြီး သစ်တစ်ပင်တောင်သို့ သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
၎င်းကိုယ်စားလှယ်အဖွဲ့သည် လွယ်မွေမြို့ရှိ စတုရဌသုမင်္ဂလ စေတီတော်မြတ်သို့ သွားရောက် ဖူးမြော် ကြည်ညိုကြကြောင်း၊ လွယ်မွေမြို့ရှိ နှစ် ၁ဝဝ အိမ်တော်နှင့် ဒေသထွက် သစ်သီးဝိုင် ထုတ်လုပ်ရောင်းချ နေမှုအား လည်းကောင်း၊ ကျိုင်းတုံမြို့ရှိ တိုင်းလိ ယဉ်ကျေးမှု ခန်းမဆောင်တွင် ခင်းကျင်းပြသ ထားသော ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာလက်မှု လုပ်ငန်းများ အားလည်းကောင်း သွားရောက်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)