Connect with us

Politics, Law & Military

အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဖွဲ့စည်း

အမျိုးသားအဆင့် #ရေအရင်းအမြစ် #ကော်မတီ ဖွဲ့စည်း #ဆင်ဟွာ

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များအား စီမံ ဆောင်ရွက်နိုင်ရန် အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ယနေ့ နိုင်ငံတော် သမ္မတက ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

အဆိုပါ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ဥက္ကဋ္ဌအဖြစ် ဒုတိယ သမ္မတ ဦးဟန်နရီဗန်ထီးယူက တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး ၆ ဦး အပါဝင် စုစုပေါင်း၂၁ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ လုပ်ငန်းတာဝန်များသည် ရေကို အခြေပြု၍ တရားမျှတသော ရေခွဲဝေမှု စနစ်၊ ပြည်သူအားလုံး ပါဝင်နိုင်သော ပွင့်လင်းမြင်သာမှုရှိသည့် ဘက်စုံ ရေစီမံခန့်ခွဲမှု စနစ် (Integrated Water Resources Management Systems) တစ်ခုကို မြန်မာနိုင်ငံတွင် ကျင့်သုံး အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သော ကိစ္စအဝဝတို့ကို တာဝန်ယူ ဆောင်ရွက်ရန် အပါအဝင် အမျိုးသားရေအရင်းအမြစ် ဆိုင်ရာ ဘက်စုံ စီမံခန့်ခွဲရေး မဟာဗျူဟာ (National Integrated Water Resources Management (IWRM) Strategy) တစ်ရပ် ရေးဆွဲ အကောင်အထည်ဖေါ်ရန်၊ အမျိုးသား ရေအရင်းအမြစ် မူဝါဒ (National Water Resources Policy) တစ်ရပ် ရေးဆွဲချမှတ်ရန်။ (ဃ) နိုင်ငံတော်၏ ရေအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှိရင်းစွဲ ရေအရင်းအမြစ်များအပေါ် အခြေခံ၍ ကဏ္ဍစုံ ဖ့ွံဖြိုး တိုးတက်လာစေရေး အတွက် ရေနှင့်ဆိုင်သော အခြေခံ မူဘောင် (Water Framework Directive) ကို ရေးဆွဲ ချမှတ် ဆောင်ရွက်ရန်တို့ ဖြစ်သည်။
အဆိုပါ ကော်မတီ၏ လုပ်ငန်း တာဝန်များသည် ရေးဆွဲသည့် အမျိုးသားရေအရင်း အမြစ်ဆိုင်ရာ ဘက်စုံ စီမံခန့်ခွဲရေး မဟာဗျူဟာနှင့် အမျိုးသား ရေအရင်းအမြစ် မူဝါဒတို့နှင့် အညီ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပေါ်ထွန်းလာစေရေး စီမံ ကွပ်ကဲပေးရန်၊ ယင်းဥပဒေတို့၏ အခန်းကဏ္ဍသစ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သလို ဖြည့်စွက် ထည့်သွင်းပေးနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ရန် ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် အစရှိသော မြေပေါ် စီးဆင်းရေနှင့် မြေအောက်ရေ စီမံခန့်ခွဲမှုများတွင် အသင့်လျော်ဆုံး ဖြန့်ကျက်ယူနစ်အဖြစ် မြစ်ဝှမ်းကို အခြေခံထား၍ ဆောင်ရွက်ခြင်း (River Basin Development) နှင့် ရာသီဥတု ပြောင်းလဲခြင်း (Climate Change) ၏ အကျိုးဆက်များကို ထည့်သွင်း စဉ်းစားခြင်းတို့တွင် ဦးဆောင်ဦးရွက်ပြုရန်၊ ရေအရင်းအမြစ်အား ကဏ္ဍစုံတွင် အကျိုးထိရောက်စွာ သုံးစွဲနိုင်ရေး၊ ရေညစ်ညမ်းမှုကို ကာကွယ်လျော့ပါးစေရေးနှင့် လေလွင့်ဆုံးရှုံးမှုများ နည်းနိုင်သမျှ နည်းပါးစေရေးတို့ကို စီမံချက်များ ချမှတ်၍ အလေးထား ဆောင်ရွက်သွားရန်၊ ရေအရင်းအမြစ်တို့ကို စီးပွားရေးနှင့် ဝန်ဆောင်ခြင်း အလို့ငှာ အသုံးပြုခြင်းများမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ အခွန်ဘဏ္ဍာ ရရှိစေမည့် နည်းလမ်းများကို ရှာဖွေ၍ ယင်းနှင့် ပတ်သက်သော အခွန်ဘဏ္ဍာ ဆိုင်ရာ ဥပဒေပြုမှုများ ဆောင်ရွက်ရန်၊ ရေအရင်းအမြစ်နှင့် ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုများအား ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်များနှင့် တွဲဖက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့် ပြုနိုင်ရေး အတွက် သီးခြားမူဝါဒ ချမှတ် ဆောင်ရွက်ပေးရန်၊ ရေနှင့် ပတ်သက်သော သဘာဝ ဘေးအန္တရာယ်များ (Water Related Disasters) ကျရောက်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများအား ကာကွယ်ရန်၊ ရေအရင်းအမြစ်များ ဖွ့ံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စီမံကိန်းများ ရေးဆွဲရန် လိုအပ်သော တွက်ချက်မှုများ၊ သုံးသပ်ချက်များကို ပြုလုပ်ရန်နှင့် နိုင်ငံတော်၏ ရေပိုင်နက်များကို ကာကွယ်စောင့်ရှောက်ရန် ကိစ္စရပ်များ အတွက် မရှိမဖြစ် လိုအပ်သော ရေအရင်းအမြစ်ဆိုင်ရာ ဆုံးဖြတ်ချက် အထောက်အကူပြုစနစ် (Water Resources Decision Support System) နှင့် ယင်း၏ အထောက်အကူပြု အချက်အလက်ဘဏ်များ (Data Banks) တည်ထောင်ရန်၊ ရေနှင့် ဆက်နွယ်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။
အထက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ရာတွင် ရေနှင့်ဆိုင်သော ဘက်စုံ ရှုထောင့်စုံမှ လေ့လာသုံးသပ် တွက်ချက်မှုများ လိုအပ်သည့် အားလျော်စွာ ရေဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ (Expert Group) ကို ဖွဲ့စည်း၍ ၎င်းတို့၏ ပညာရပ်ဆိုင်ရာ ပံ့ပိုးမှုများကို ရယူသွားရန်နှင့် ၎င်းအဖွဲ့ အလုပ်လုပ်နိုင်ရန် အတွက် လိုအပ်သော အထောက်အပံ့များ ဖြည့်ဆည်းပေးရန်၊ အထက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် ရေအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယုံကြည်အပ်နှံ ရန်ပုံငွေ (Water Resources Trust Fund) တစ်ရပ်ကို တည်ထောင်၍ ပြည်တွင်းပြည်ပမှ ရန်ပုံငွေများ ရှာဖွေ စုဆောင်းပေးရန်တို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.