Politics, Law & Military
အခြေခံဥပဒေ ပြင်ရန် ပူးပေါင်းကော်မတီ ဖွဲ့ရေး မနက်ဖြန် ဆုံးဖြတ်မည်
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ ပြည်ထောင်စု လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးတို့ ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က ဖေဖော်ဝါရီ ၆ ရက်နေ့(နောက်တစ်နေ့ ) အစည်းအဝေး တွင် ဆုံးဖြတ်မည်ဟု လွှတ်တော် နာယကက ပြောကြားခဲ့သည်။
“အရေးကြီး အဆိုနဲ့ စပ်လျဉ်ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကက ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်းတို့ကို ၆ ရက်၊ ၂ လ၊ ၂၀၁၉ တွင် ကျင်းပပြုလုပ် မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်ရန် လျာထားပါကြောင်း အသိပေး ကြေညာပါတယ်” ဟု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့်က “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင် ရေး လုပ်ငန်းများကို ဆော လျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ် ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ် တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း” အရေးကြီး အဆိုအား ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ယင်း အဆိုကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးတို့က ဆွေးနွေးခဲ့ကြအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)