Connect with us

Science & Technology

မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့်  ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ကြေညာချက်ထုတ်ပြန်

မိုဘိုင်းဖုန်း အသုံးပြုနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့်နည်းလမ်းများဖြင့် (၃၀-၆-၂၀၂၀) နောက်ဆုံးထား၍ ပြန်လည် မှတ်ပုံတင် ရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းမရှိသည့် SIM Card များ ကို အပြီးသတ်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ဖေဖော်ဝါရီ ၂၃ ရက် တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

သုံးစွဲသူများသည် မိမိအသုံးပြုလျက်ရှိသော SIM Card သည် မိမိအမည်ဖြင့် မှန်ကန်မှု ရှိ မရှိ သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များတွင် လည်းကောင်း၊ Website နှင့် Mobile Application များ အသုံးပြု၍လည်းကောင်း၊ မိမိကိုယ်တိုင် မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

 သုံးစွဲသူများ ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် မိုဘိုင်းအော်ပရေတာများကလည်း လွယ်ကူ အဆင်ပြေစေရေး ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း၊ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် သို့မဟုတ် ယင်းလက်မှတ် အမှတ်ပါ အသိအမှတ်ပြုကတ်တစ်ခုခုဖြင့် (၂) ကတ် ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင် ထားခြင်း မရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်း မှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး (၃၀-၆-၂၀၂၀) နောက်ပိုင်း အပြီးသတ်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ထဲတွင်ပါရှိသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ  ၃၁ ရက် ရက် အထိ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား တစ်ခုလျှင် SIM Card (၂)ကတ်ထက် ပိုမို မှတ်ပုံတင်ထားသော မိုဘိုင်း အော်ပရေတာအလိုက် SIM Card အရေအတွက်မှာ MPT တွင်(၁၂.၉၅)သန်းခန့်၊ MyTel တွင် (၄.၆)သန်းခန့်၊Ooredoo တွင်(၄.၆)သန်းခန့်နှင့် Telenorတွင် (၆.၀၅)သန်းခန့် စုစုပေါင်း(၂၈.၂)သန်းခန့် ကျန်ရှိလျက်ရှိကြောင်း  သိရသည်။

သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် မိမိတို့၏ SIM Card များကို မှန်ကန်စွာ မှတ်ပုံတင်ကြပါရန် နှင့် ဈေးကွက်အတွင်း ရောင်းချနေသော ကြိုတင်မှတ်ပုံတင်ထားသည့် SIM Card များကို ဝယ်ယူခြင်း မပြုကြပါရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၏ အသိပေးကြေညာချက်ထဲတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.