နေပြည်တော်၊ ဇွန်လ ၇ ရက် (ဆင်ဟွာ) ပြည်ပမှ အဓိကတင်သွင်းနေရသောစက်သုံးဆီဈေးကွက်ကို ထိန်းချုပ်နိုင်ရန်အတွက် ရေနံဓါတ် ငွေ့ရည်ဖြစ် သော LPG ကိုမော်တော်ယာဉ်များတွင် အသုံးပြုနိုင်ရန် လေ့လာ ပြင်ဆင်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုတယ်လီဖုန်းလိုင်းနှင့် မိုဘိုင်းတယ်လီဖုန်းလိုင်းများ အကြား သက်သာသော ခေါ်ဆိုနှုန်းထားများအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ မှ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော် က ပြောသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားဆိုင်ရာညွှန်ကြားချက် (Telecommunication Tariff Directive) အား ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အဆိုပါမူကြမ်းအပေါ်အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ ပေးရန်ရှိပါက (၃၀-၆-၂၀၁၈) နောက်ဆုံးထား၍ ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတပြန်သည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ပလက်ဝ-ဆမီး-မတူပီလမ်းပိုင်းပေါ်တွင် မြစ်ကူးတံတားတစ်စင်းကို တည်ဆောက်ပေးလျက်ရှိရာ ၃၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
နေပြည်တော်၊ မေလ ၂၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှုမှာ တစ်နှစ်တာအတွင်း အလုံးရေ ငါးသိန်းခွဲခန့် တိုးလာသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ယနေ့ညနေ သတင်းစာ ရှင်းပွဲ၌ ပြောကြားသည်။
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် မြန်အောင် ရေနံမြေ တွင်းအမှတ် ၁၇၂ မှ မေ ၁ဝ ရက်တွင် ရေနံစိမ်းတစ်နေ့စည် ၁ဝဝ နှင့်သဘာဝဓာတ်ငွေ့ ဝ.၁၉ ကုဗပေသန်း စတင်ထုတ်ယူ...
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်ကော်မတီများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း၊ ဒဂုံတောင် စက်မှုဇုန်တွင် ရှေ့ပြေးစီမံချက် အနေဖြင့် စတင်ဆောင်ရွက် ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင် မောင်ဦး က ရှင်းလင်းပြောကြားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့ မြောက်ဘက် (၁၂)မိုင်ခန့် အကွာ သူဌေးချောင်းပေါ်တွင် တည်ဆောက်နေသော သူဌေး ရေအားလျှပ်စစ်စီမံကိန်းသည် ၄၇ ရာခိုင်နှုန်းကျော် ပြီးစီးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးအော်ပရေတာများ၏ကွန်ရက်ဖြန့်ကျက်လွှမ်းခြုံနိုင်မှု နှင့် ကွန်ရက်အရည်အသွေးတို့အား တိုင်းတာရေးစက်များဖြင့် သွားရောက်စစ်ဆေးလျက်ရှိကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။