Connect with us

Science & Technology

ချောက်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုအား ပြုပြင်ဆောင်ရွက်

ချောက်မြို့အ၀င်ဆိုင်းဘုတ်အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုအား ပြုပြင်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ သဘာဝဓာတ်ငွေ့လိုင်းသည် ဇွန် ၁၈ရက်နေ့ ညပိုင်းတွင် အရာတော်ရေနံမြေမှ ချောက်ရေနံမြေသို့ ပို့လွှတ်သည့် အချင်း ၁၀ လက်မခန့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွင် အရာတော် ရေနံမြေတောင်ဘက် ၅ မိုင်ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း အက်ဖ်ယူ-၈၆၉၃၆၄ ၌ သဘာဝဘေး ဒဏ်ကြောင့် ဆွေးမြေ့ပြီး လေဖိအားတွန်းကန်ကာ ဓါတ်ငွေ့များစိမ့်ထွက်လျက်ရှိကြောင်း သိရသည်။

ယင်း ဓာတ်ငွေ့များစိမ့်ထွက်နေသဖြင့် ဓါတ်ငွေ့ပို့လွှတ်မှုအား ယာယီရပ်ဆိုင်းထားကြောင်းနှင့် အရာတော်ရေနံမြေ အင်ဂျင်နီယာဌာနမှ ပြန်လည်ပြုပြင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.