Connect with us

Science & Technology

မြစ်ငယ်မြို့ရှိ မီးရထားစက်ရုံ ပြီးစီးပါက တစ်နှစ်လျှင် လူစီးတွဲ ၁၂ဝ ခန့် ထုတ်လုပ်နိုင်မည်

ကွန်ကရစ်ဇလီဖားစက်ရုံ (မြစ်ငယ်) သို့ ပြည်ထောင်စုဝန်ကြီး သွားရောက်စစ်ဆေးစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့၌ အကောင် အထည်ဖော် တည်ဆောက်လျက်ရှိသည့် ကုန်းတွင်းဆိပ် (Dry Port) တည်ဆောက်နေမှုပြီးစီးပါက တစ်နှစ်လျှင် လူစီးတွဲ ၁၂ဝ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

အဆိုပါစက်ရုံသည် မြန်မာ့မီးရထား အတွက် လိုအပ်လျက်ရှိသော လူစီးတွဲ များ အရေအတွက် တိုးမြှင့်ထုတ်လုပ် နိုင်ရေး၊ မြန်နှုန်းမြင့် ပြေးဆွဲနိုင်ပြီး ပိုမိုငြိမ့်ညောင်းစိတ်ချရသော လူစီးတွဲသစ်များ တည်ဆောက်နိုင်ရေး၊ လက်ရှိ စက်ရုံကြီး နှစ်ရုံတွင် တည်ဆောက်ထားသော စက်များမှာ ၂၅ နှစ်ကျော် ကြာမြင့် ပြီး စွမ်းရည်ကျဆင်းနေခြင်းကို စက် အသစ်များ၊ ဒီဇိုင်းသစ်များ၊ နည်းပညာ သစ်များဖြင့် ခေတ်မီတွဲများ တည် ဆောက်နိုင်ရေး စသည့်ရည်ရွယ်ချက် များကြောင့် တည်ဆောက်ခြင်းဖြစ်ပြီး စက်ရုံလုပ်ငန်းရာနှုန်းပြည့် ပြီးစီးသွား ပါက စက်ရုံသစ်၏ ထုတ်လုပ်နိုင်မှု စွမ်းအားမှာ တစ်နှစ်လျှင် လူစီးတွဲ ၁၂ဝ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးသည် ကွန်ကရစ်ဇလီဖားစက်ရုံ (မြစ်ငယ်) သို့ ရောက်ရှိရာ စီမံကိန်း၌ ကွန်ကရစ်ဇလီဖား ထုတ်လုပ် ပုံအဆင့်ဆင့်၊ ကွန်ကရစ်ဇလီဖားတုံး၏ ခံနိုင်ရေစံနှုန်း၊ လက်ရှိ ကွန်ကရစ်ဇလီ ဖားများ ထုတ်လုပ်ထားမှုအခြေအနေများအား စစ်ဆေးခဲ့ပြီး ယခုထုတ်လုပ် နေသော ကွန်ကရစ်ဇလီဖားများသည် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့် တင်ရေး စီမံကိန်းလုပ်ငန်းတွင် အသုံးပြု မည်ဖြစ်၍ 20 Tons Axileload အထိ တိုးမြှင့်ပြေးဆွဲနိုင်ရေးအတွက် အရည် အသွေးကောင်းမွန်ပြီး သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလ အတွင်း သတ်မှတ်အရေအတွက် ထုတ် လုပ်နိုင်ရေး၊ လုပ်ငန်းအန္တရာယ်ကင်းရှင်း ရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117