Connect with us

Science & Technology

FMI လေကြောင်းလိုင်းမှ လေယာဉ် ၁ စင်း မောင်းနှင်စဉ် လေဖိအားကြောင့် ယာဘက် လေကာမှန် အက်ကွဲမှုဖြစ်ပွား

FMI လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-- FMI)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

FMI လေကြောင်းလိုင်းမှ လေယာဉ် ၁ စင်းသည် မောင်းနှင်စဉ် လေဖိအားကြောင့် လေယာဉ်၏ ယာဘက် လေကာမှန် အက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ ၀၈း၂၀နာရီ အချိန် FMI လေကြောင်းလိုင်းမှ လေယာဉ် အမျိုးအစား ATR-72၊ လေယာဉ် အမှတ် XY-AMHသည်၊ ကပ္ပတိန် ဦးနိုင်မြင့်ခိုင် အပါအဝင် လေယာဉ်အမှုထမ်း ၄ ဦး၊ ခရီးသည် ၂၂ ဦး၊ လုံခြုံရေးဝန်ထမ်း ၂ ဦး တို့လိုက်ပါလျက် နေပြည်တော်-ရန်ကုန် ခရီးစဉ်အမှတ် ND-104 ဖြင့် နေပြည်တော် လေဆိပ်မှ ရန်ကုန် လေဆိပ်သို့ ထွက်ခွာလာစဉ် မိနစ် ၂၀ ခန့်အကြာ အမြင့်ပေ ၁၆,၀၀၀ ခန့်အရောက်တွင် လေဖိအားကြောင့် လေယာဉ်၏ ယာဘက်လေကာမှန် အက်ကွဲခဲ့ပြီး ၀၉း၀၅ နာရီ အချိန်တွင် ရန်ကုန်လေဆိပ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.