ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄) ခရိုင်ကို အလှည့်ကျစနစ်ဖြင့် ယာယီလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်မတီမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံပိုင် နှင့် ပုဂ္ဂလိကပိုင် နှစ်ရပ်ပေါင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂ဝ မှ တပ်ဆင်အင်အား ၂၄ဝ၃ မဂ္ဂါဝပ်နှင့် တစ်နိုင်ငံလုံးအနေဖြင့် စုစုပေါင်း ၁၂၁ဝ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာ၌ ဖော်ပြထားသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) နှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) တို့မှ ပရိုပိန်း နှင့် ဗြူတိန်းဓာတ်ငွေ့ရည်များအား တင်ဒါဖြင့်ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖေဖော်ဝါရီ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးမြင့်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မော်လမြိုင်-ချောင်းဆုံ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ဖွင့်လှစ်ခြင်းအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ချောင်းဆုံမြို့၌ ၆၆ ကေဗွီ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကျော် ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံကို ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဓာတ်အားခွဲရုံမှ ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖွင့်ပွဲအခမ်းအနားတွင်...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု အဆင့် ပြိုင်ပွဲ (Myanmar Skills Competition 2016) အား မတ်လ ၁၄ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြို့ရှိ ဗဟိုဆောက်လုပ်ရေး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ဂုတ်ထိပ်တံတားတွင် ပြေးဆွဲနေသော သံလမ်းပြေး ယာဉ်များကို ဧပြီလတွင် အဆင့် မြှင့်တင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ တံတား အဆင့်မြှင့်တင် ထိန်းသိမ်းရေး အဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားအား လေးနှစ်ကျော် အတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတား တည်ဆောက်ရေး စီမံကိန်းမှ သိရသည်။ ယခု အကောင်အထည်ဖော် တည်ဆောက်မည့် ရန်ကုန်-ဒလ တံတား စီမံကိန်းအား...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းမြို့နယ်နှင့် ရွှေပေါက်ကံမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ရွှေပေါက်ကံ တံတား (၄ လမ်းသွား) တည်ဆောက်ရေး စီမံကိန်း တစ်ခုလုံး၏ ဆောင်ရွက် ပြီးစီးမှုမှာ ယခုအခါ ၉၃ ရာခိုင်နှုန်း ပြီးစီးနေပြီး မကြာမီ ကာလတွင် ဖွင့်လှစ်တော့မည်...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ရက်သတ္တပတ်က ကြမ်းခင်းအဆက် သံပြား နိမ့်ကျမှု ဖြစ်ပေါ်ခဲ့သည့် ပုသိမ်-ငွေဆောင် လမ်းပေါ်ရှိ ပုသိမ် ကြိုးတံတားအား ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်များ ပုံမှန် ဖြတ်သန်း သွားလာနိုင်ရေး ခွင့်ပြု ပေးသွားမည်...