Connect with us

Science & Technology

ရန်ကုန် ဧရိယာအတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေး ရတနာ သဘာဝ ဓာတ်ငွေ့ဖြင့် အစားထိုး ဖြန့်ဖြူး ပေးသွားရန် စီမံထား

ရန်ကုန်မြို့လယ်ခေါင် အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၄ ရက် (ဆင်ဟွာ)

ကမ်းလွန် ဇောတိက စီမံကိန်း၏ ထုတ်လုပ်ရေးစင် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သထုံ၊ မော်လမြိုင်၊ ကံပေါက်ဒေသရှိ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံများသို့ သဘာဝ ဓာတ်ငွေ့ ပို့လွှတ်မှု ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်သော်လည်း ရန်ကုန် ဧရိယာအတွင်း လျှပ်စစ် ဓာတ်အား အပြည့်အဝ ရရှိရေး အတွက် ရတနာ သဘာဝ ဓာတ်ငွေ့ဖြင့် အစားထိုး ဖြန့်ဖြူးပေးသွားရန် စီမံထားကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

နှစ်စဉ် ပြုလုပ်လေ့ရှိသည့် ကမ်းလွန် ဇောတိက စီမံကိန်း၏ ထုတ်လုပ်ရေးစင် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအား မုတ်သုံ ရာသီမဝင်ရောက်မီ မတ်လ ၁၉ ရက် မှ ၂၈ ရက်ထိ ၁၀ ရက်ကြာ ဆောင်ရွက်မည်ဖြစ်သဖြင့် သထုံ၊ မော်လမြိုင်၊ ကံပေါက် ဒေသရှိ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ ဘိလပ်မြေ စက်ရုံများနှင့် စက်ရုံငယ်များသို့ မတ်လ ၁၉ ရက်နေ့မှ ၂၄ ရက် အထိ သဘာဝ ဓာတ်ငွေ့ ပို့လွှတ်မှု ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန် ဧရိယာအတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး အတွက် ရတနာ-ရန်ကုန် ၂၄ လက်မ ပိုက်လိုင်းမှ ရတနာ သဘာဝ ဓာတ်ငွေ့ဖြင့် အစားထိုး ဖြန့်ဖြူးပေးသွားရန် စီမံထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117