Connect with us

Science & Technology

ရန်ကုန်မြို့၌ လေးရက်ကြာ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးမည်

ရန်ကုန်မြို့လယ် လူစည်ကားရာ မြို့နယ်များအား လျှပ်စစ်မီး ဖြန့်ဖြူးထားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၌ လေးရက်ကြာ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးမည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ရတနာကမ်းလွန် Platform နှင့် ပတ္တမြား ကမ်းလွန် Platform ပိုက် ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၈ ရက် အထိ လေးရက်ကြာ သဘာဝ ဓာတ်ငွေ့ ပို့လွှတ်မှု ရပ်ဆိုင်းမည့် ကိစ္စ ရက်ရွှေ့ဆိုင်း ထားခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၉ ရက် အထိ ပိုက်ဆက်ခြင်း လုပ်ငန်းများ စတင် အကောင်အထည် ဖော်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ ထပ်မံ အကြောင်းကြား လာသဖြင့် ရန်ကုန်မြို့ ဝန်အား လျှော့ချဓာတ် အားပေးမည့် အစီ အစဉ်ကို ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၉ ရက် အထိ ပြင်ဆင် ပြောင်းလဲ ဆောင်ရွက်သွားမည် ဖြစ်ပြီး ဝန်အား လျှော့ချမည့် အစီအစဉ်များကို သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များ အလိုက် ညွှန်ကြား ထားပြီးဖြစ် သဖြင့် ယင်းအစီအစဉ်ကို သက် ဆိုင်ရာခရိုင်/ မြို့နယ်ရုံးများ၌ မေးမြန်း စုံစမ်းနိုင်ပါကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

ခရိုင်(၄) ခရိုင်ကို အလှည့်ကျ စနစ်ဖြင့် ယာယီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးမည် ဖြစ်ပြီး အနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များကို ဖေဖော်ဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၂၉ ရက်ထိ အုပ်စု A,B ခွဲကာ ( ၀၄:၀၀) နာရီမှ (၀၇:၀၀) နာရီ အထိ A အုပ်စု အဖြစ်လည်းကောင်း ၊ (၀၇ :၀၀)နာရီမှ (၁၀:၀၀) နာရီအထိ B အုပ်စု အဖြစ် လည်းကောင်း ၊ A, B အုပ်စု (၂) အုပ်စုခွဲကာ အလှည့်ကျ ဓာတ်အား ဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အရှေ့ပိုင်းခရိုင် ၊ တောင်ပိုင်းခရိုင် ၊ မြောက်ပိုင်း ခရိုင် အတွင်းရှိ မြို့နယ်များ (အများပြည်သူများ) အား အဆိုပါ နေ့ရက်များတွင် ဓာတ်အား ဖြန့်ဖြူးပေး ထားမည် ဖြစ်ပြီး စက်မူဇုန်များကိုသာ (၀၀:၀၀) နာရီမှ (၀၄:၀၀) နာရီအထိ ဖီဒါ အလိုက် ဓာတ်အား ပေးသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.