Connect with us

Science & Technology

ရန်ကုန်တွင် လျှပ်စစ်မီးဖြတ်တောက်မှု ရွှေ့ဆိုင်းထားမည်

ရန်ကုန်မြို့သို့ သွယ်တန်းထားသော မဟာဓာတ်အားလိုင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရတနာကမ်းလွန်ပလက်ဖောင်း နှင့် ပတ္တမြားကမ်းလွန် ပလက်ဖောင်း တို့၏ ပိုက်ဆက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်အတွက်Total shut down ဆောင်ရွက်စဉ် ရန်ကုန်ရိယာ၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်မူမှာ ၂၀၀မဂ္ဂါဝပ်ခန့် လျော့ကျနေမည်ဖြစ်သောကြောင့် ဝန်အားလျှော့ချမည်ဟု မူလကကြေညာခဲ့သော်လည်း ၁၀တန်းစာမေးပွဲများလည်း ရှိသည့်အတွက်လက်ရှိကာလတွင်လျှပ်စစ်မီးဖြတ်တောက်တော့မည်မဟုတ်ကြောင်း YESC Call Center (ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း) မှ တာဝန်ရှိသူက ဆင်ဟွာကိုပြောသည်။

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ နှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ (MOGE ) ရတနာကမ်းလွန်ပလက်ဖောင်းနှင့် ပတ္တမြားကမ်းလွန်ပလက်ဖောင်းတို့၏ ပိုက်ဆက်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်အတွက် (၂၅.၂.၂၀၆)ရက်နေ့မှ (၂၈.၂.၂၀၁၆)ရက်နေ့အထိ (၄)ရက်ကြာ သဘာဝဓာတ်ငွေ့ပို့လွှတ်မူ ရပ်ဆိုင်းမည့်ကိစ္စကို ရက်ရွှေ့ဆိုင်း ထားပါကြောင်း (၂၄.၂.၂၀၁၆) ည (၁၁:၃၀) နာရီခန့် တွင် သတင်းရရှိပါသဖြင့် ဝန်အားလျှော့ချမူများအား ယခုလတ်တလော ဖြစ်ပေါ်မူမရှိသေးပါကြောင်း နှင့် ထပ်မံသတင်းရရှိပါက ပြည်သူများကို တင်ပြသွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ကြေညာသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.