Connect with us

Science & Technology

မြန်မာနိုင်ငံ၏ လူတစ်ယောက် လျှပ်စစ်သုံးစွဲမှု၂၂၂ ကီလိုဝပ်ရှိ ၊ အရှေ့တောင်အာရှနိုင်ငံများတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု နည်းပါးနေသေး

လျှပ်စစ်တာဝါတိုင်အားမြင်တွေ့ရစဉ် (ဓာတ်ပုံ--ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ၂၈ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လူတစ်ယောက် လျှပ်စစ်သုံးစွဲမှုမှာ ၂၂၂ ကီလိုဝပ်ရှိပြီး၊ အမေရိကန်တွင် ကီလိုဝပ် ၁၃,၀၀၀ လောက် သုံးနိုင်သည့်အခြေ အနေရှိကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအတွင်းတွင်ပင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု နည်းပါးနေသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးကပြောသည်။

ဒါကို သိလို့ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေးကို အခြေခံအချက်အဖြစ်နဲ့ ဦးတည်ဆောင်ရွက်ခဲ့ပါတယ်။ လျှပ်စစ်က တစ်နိုင်ငံအတိုင်းအတာနဲ့ ကျယ်ပြန့်တာမို့ ထုတ်လုပ်မှုနဲ့ ပို့လွှတ်မှု၊ ဖြန့်ဖြူးမှုပိုင်းဆိုင်ရာ အချက် သုံးချက် ကို ဟန်ချက်ညီဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အဲဒီမှာ နိုင်ငံတစ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားရရှိမှုဟာ ကုန်ကျ စရိတ်က အဓိကအချက်ဖြစ်ပါတယ်။’’ ဟုဦးမော်သာထွေးကပြောသည်။

၂၀၁၀-၂၀၁၁ ခုနှစ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ကျပ်၁၇၇ ဘီလီယံ သုံးစွဲခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၅၉၃ ဘီလီယံအထိ တိုးတက်ရင်းနှီးမြုပ်နှံခဲ့သည့် အတွက် ၅ နှစ်အတွင်းတွင် နိုင်ငံတော်မှ သုံးဆကျော် ရင်းနှီးမြုပ်နှံပေးနေကြောင်းဆိုသည်။
တပ်ဆင်စက်အင်အားတွင်လည်း ၂၀၁၀-၂၀၁၁ ခုနှစ်မှာ မဂ္ဂါဝပ် ၃၄၀၀ ခန့် ရှိရာမှ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၅၀၈၉ မဂ္ဂါဝပ်အထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။ တစ်တိုင်းပြည်လုံး ကို ပေးသည့် ဓာတ်အားသည် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် သန်းပေါင်း ၈၀၀၀ ကျော်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ တွက်ချက်ထားချက်အရ သန်းပေါင်း ၁၀,၀၀၀ ကျော်သွား ကြောင်း ဆိုသည်။
ဦးမော်သာထွေးက “ကျေးရွာပေါင်း ၆၀,၀၀၀ ကျော်ရှိတဲ့အနက် ကျေးရွာပေါင်း ၁၅,၀၀၀ လောက် ဒီငါးနှစ်အတွင်း မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် ခဲ့ပါတယ်။ National Electrification Plan ကို ကမ္ဘာ့ဘဏ်နဲ့ ပူးတွဲဆောင်ရွက်တာဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ရောက်တဲ့နေရာတွေကနေ အမြန်ဆုံးဓာတ်အား လိုင်းတွေ တိုးချဲ့ပြီး ကျေးရွာတွေအရောက် မီးဖြန့်ဖြူးဖို့ ဖြစ်ပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံးရဲ့ ၃၃ ရာခိုင်နှုန်းလောက်ပဲ ဓာတ်အားရရှိသေးပါတယ်။ လုပ်ရမယ့်အလုပ်က ၁၀၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၃၀ ပြည့် နှစ်မှာ တစ်နိုင်ငံလုံး မီးရမယ်လို့ ဒီ Electrification Plan ကနေပြီးတော့ မျှော်မှန်းပြီး ရေးဆွဲထားတာဖြစ်ပါတယ်။’’ ဟုပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုအရေအတွက် မှာသန်းခေါင်စာရင်းအရ ၁၀.၈၉ သန်းရှိကြောင်း၊ ၎င်းအိမ်ထောင်စုစာရင်းအရ ၃.၃၅ သန်းသာ လျှပ်စစ်မီးရရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.