Connect with us

Science & Technology

၂၀၁၆ ခုနှစ်၌ ဓာတ်အားပေးစက်ရုံ ၂ဝ မှ တပ်ဆင်အင်အား ၂၄ဝ၃ မဂ္ဂါဝပ်ဖြင့် တစ်နိုင်ငံလုံးအနေဖြင့် ၁၂၁ဝ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်မတီမှ သတင်းထုတ်ပြန်ချက်ကို တွေ့ရစဉ် (ဓာတ်ပုံ-YESC-CallCenter )

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄) ခရိုင်ကို အလှည့်ကျစနစ်ဖြင့် ယာယီလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

အနောက်ပိုင်းခရိုင်အတွင်းရှိမြို့နယ်များကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ အုပ်စု A,B ခွဲကာ ( ၀၄:၀၀) နာရီမှ (၀၇:၀၀) နာရီအထိ A အုပ်စု အဖြစ်လည်းကောင်း ၊ (၀၇ :၀၀) နာရီမှ (၁၀:၀၀) နာရီအထိ B အုပ်စု အဖြစ်လည်းကောင်း ၊ A, B အုပ်စု (၂) အုပ်စုခွဲကာ အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အရှေ့ပိုင်းခရိုင် ၊ တောင်ပိုင်းခရိုင် ၊မြောက်ပိုင်း ခရိုင် အတွင်းရှိ မြို့နယ်များ (အများပြည်သူများ)အား အဆိုပါနေ့ရက်များတွင် ဓာတ်အားဖြန့်ဖြူးပေး ထား မည်ဖြစ်ပြီး စက်မူဇုန်များကိုသာ (၀၀:၀၀) နာရီမှ (၀၄:၀၀)နာရီအထိ ဖီဒါအလိုက် ဓာတ်အားပေးသွားမည်ဖြစ်သည်။

မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းရှိ ရတနာ plat form နှင့်ပတ္တမြား plat formတို့တွင် ပိုက်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ၂၈ရက်နေ့အထိ (၄)ရက်ကြာ သဘာဝဓာတ်ငွေ့ ပို့လွှတ်မူ့ကို ရပ်ဆိုင်း မည်ဖြစ်ပါသဖြင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မူ့ ကျဆင်းနေမည်ဖြစ်ပါသည်။
အဆိုပါ ပြင်ဆင်နေချိန်တွင် စက်မူဇုန်ကြီးများအား အဆိုပါကာလအတွင်း ဝန်အားလျှော့ချထာခြင်း၊ မြို့နယ်များ ရပ်ကွက်အတွင်းရှိ ပုဂ္ဂလိက စက်မူလုပ်ငန်းများမှ လုပ်ငန်းရှင်များအား မေတ္တာ ရပ်ခံဝန်အားလျှော့ချထားခြင်းများ ပြုလုပ်ထားမည်ဖြစ်သည်။

မြို့ပြင်ဒေသများဖြစ်သည့် တောင်ပိုင်းခရိုင်ရှိမြို့နယ်များအားလုံး နှင့် သာကေတ၊ဒေါပုံ၊ ဒဂုံ (မြောက်)၊ ဒဂုံ(တောင်)၊ သင်္ဃန်းကျွန်း၊ဗဟန်း ၊ လမ်းမတော်၊အလုံ ၊ဒဂုံ၊ စမ်းချောင်း၊ မရမ်းကုန်း ၊ကမာရွတ်၊ အင်းစိန်၊မင်္ဂလာဒုံ၊ လိူင်သာယာ၊မှော်ဘီ၊ ရွှေပြည်သာ၊လှည်းကူးမြို့နယ် တို့တွင် အချိန်ပိုင်းအလိုက် (၀၅:၀၀) နာရီမှ ( ၂၂:၀၀) နာရီအတွင်း ဝန်အားလျှော့ချမူများ ရှိနေမည်ဖြစ်ပြီး (၂၂:၀၀)နာရီမှ နောက်တနေ့ မနက် (၀၅:၀၀)နာရီအထိ မြို့နယ်များအားလုံးကို ဓာတ်အားဖြန့်ဖြူးပေးထားမည်ဖြစ်ပါသည်။ ဓာတ်အားပြတ်တောက်မူသတင်းများကို စုံစမ်းသိရှိလိုပါက YESC Callcenter ၂၃၀၂၂၈၅ ၊ ၂၃၀၂၂၈၆၊ ၂၃၀၂၂၈၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.