Connect with us

Science & Technology

ရန်ကုန်ဘူတာကြီးနယ်မြေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၂၀၁၇ခုနှစ်တွင် စတင်မည်

ရန်ကုန်ဘူတာကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ရန်ကုန်ဘူတာကြီး နယ်မြေဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ၂၀၁၇ ခုနှစ် မေလ၌ စတင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မှ ပြည်တွင်း၊ ပြည်ပနိုင်ငံ ပေါင်း ၁ဝ နိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ၁၅ ဖွဲ့ကို စိစစ်ရွေးချယ်ခဲ့ကာ ၎င်းတို့၏ တင်ဒါဒုတိယအဆင့် အဆိုပြုလွှာများကို ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တင်ဒါအောင်ကုမ္ပဏီသည် ရန်ကုန်ဘူတာကြီးနယ်မြေ စီမံကိန်း ဧရိယာ ဖြစ်သော ၂၅ ဒသမ ၇၄၆ ဟက်တာပေါ်၌ ရထားလုပ်ငန်း များနှင့်စပ်လျဉ်းသည့် စီးပွားရေး လုပ်ငန်းများ၊ အထပ်မြင့် အဆောက် အအုံများ၊ ရထားပို့ဆောင်ရေးစနစ်များ၊ ရထားသံလမ်း ဆက်သွယ်ရေး စနစ်များနှင့် အခြားဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပါဝင်သောလုပ် ငန်းစဉ်များအားအဆင့်ဆင့် ဆောင်ရွက်သွား ရမည်ဖြစ်သည်။

ရန်ကုန်ဘူတာကြီး နယ်မြေဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ပေါ်ပေါက်လာစေ ရန်အတွက် စီမံကိန်းဖြစ်မြောက်ရေး ဦးစီး ကော်မတီ၊ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေး လုပ်ငန်းကော်မတီတို့အား ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ထိုအဖွဲ့များမှ ဒီဇိုင်းပုံထုတ်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်း လွှဲပြောင်းခြင်းတို့အား သတ်မှတ်ကာလများအလိုက် အဆင့်ဆင့် အကောင် အထည်ဖော် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.