Connect with us

Science & Technology

ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံ ၁၃၀ ခန့် ဆောက်လုပ်မှုကို စံချိန် စံညွှန်း စစ်ဆေး

ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းပေါ်တွင် ဆောက်လုပ်နေသော အထပ်မြင့်အဆောက်အအုံ တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်းရှိ အထပ်မြင့် အဆောက် အအုံပေါင်း ၁၃ဝ ခန့်အား စံချိန်စံညွှန်း သတ်မှတ်ချက်များ အတိုင်း ဆောက်လုပ်ခြင်း ရှိမရှိကို စစ်ဆေးလျက် ရှိကြောင်း အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ် စစ်ဆေးရေး ပညာရှင် အဖွဲ့ထံမှ သိရသည်။

အထပ်မြင့် အဆောက်အအုံများကို စစ်ဆေးရာ တွင် ညွှန်ကြားချက်များ အတိုင်း စစ်ဆေးလျက်ရှိပြီး ဘာသာ ရပ်အလိုက် အဆောက်အအုံ ဒီဇိုင်း၊ ဗိသုကာ ဒီဇိုင်း၊ ရေနှင့် မိလ္လာစနစ်၊ မီးဒီဇိုင်း၊ စက်မှုဒီဇိုင်း၊ လေညှိစနစ်၊ လုပ်ငန်း စစ်ဆေးခြင်း လမ်းညွှန်များ စသဖြင့် ဃသိန ကို မှီငြမ်းပြီး စစ်ဆေးလျက်ရှိသည်။

အဆောက်အအုံများ ဆောက်လုပ်ရာတွင် စံချိန် စံညွှန်း သတ်မှတ် ချက်များနှင့် ကိုက်ညီမှု မရှိပါက အရေးယူ ဆောင်ရွက်ပေးရန် ထပ်ဆင့် တင်ပြပေးမည် ဖြစ်သည်။

(၁၂) ထပ်ခွဲ အထက် အဆောက် အအုံများကို အထပ်မြင့် အဆောက် အအုံအဖြစ် သတ်မှတ်ထားပြီး အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ် စစ်ဆေးရေး ပညာရှင်အဖွဲ့ကို ၂ဝဝ၃ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.