Connect with us

Science & Technology

ဆက်သွယ်ရေးအော်ပရေတာများ၏ ကွန်ရက်အရည်အသွေးများကို တိုင်းတာရေးစက်များဖြင့် သွားရောက်စစ်ဆေးလျက်ရှိ

ဆက်သွယ်ရေးအော်ပရေတာများ ၏ ကွန်ရက်အရည်အသွေးများကိုတိုင်းတာရေးစက်များဖြင့် စစ်ဆေးနေမှုအားတွေ့ရစဉ်

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးအော်ပရေတာများ၏ကွန်ရက်ဖြန့်ကျက်လွှမ်းခြုံနိုင်မှု နှင့် ကွန်ရက်အရည်အသွေးတို့အား တိုင်းတာရေးစက်များဖြင့် သွားရောက်စစ်ဆေးလျက်ရှိကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံအတွင်း မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသော အော်ပရေတာများဖြစ်သည့် MPT၊ Telenor၊ Ooredoo နှင့် MyTel တို့၏ မြန်မာနိုင်ငံ အတွင်း ၎င်းတို့၏ကွန်ရက်ဖြန့်ကျက်လွှမ်းခြုံနိုင်မှု (Coverage of Network) နှင့် ကွန်ရက်အရည်အသွေးတို့အား (QoS of Network)လုပ်ငန်းလိုင်စင်ပါ ၎င်းတို့၏ကတိကဝတ်များအတိုင်း တာဝန်ကျေပွန်မှုရှိ/မရှိအား ပြင်ပမှနည်းပညာကျွမ်းကျင်သူအကြံပေးအဖွဲ့ QROI အားငှားရမ်း၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ ရွေးချယ် ထားသော မြို့ပေါင်း(၄၀)နှင့် အထူးစီးပွားရေးဇုန်(၃)ခု၊ လမ်းမကြီး(၅)ခုတို့အား စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.