Science & Technology
ဒလတံတားတည်ဆောက်ရေး အတွက် မြေအားခံနိုင်ဝန် စမ်းသပ်တိုင်းတာခြင်းဆောင်ရွက်

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီး တစ်လျှောက်နှင့် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းတို့၌ ဒလတံတားတည်ဆောက်ရေး အတွက် မြေအားခံနိုင်ဝန် စမ်းသပ်တိုင်းတာခြင်းကို SUNTAC TECHNOLOGIES ကုမ္ပဏီ မှ တာဝန်ယူ၍ နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးတို့ အတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတစ်လျှောက်တွင် စက်ကိရိယာများဖြင့် မြေအားခံနိုင် ဝန်တိုင်းတာခြင်းကို SUNTAC TECHNOLOGIES ကုမ္ပဏီမှ တာဝန်ယူ၍ အဖွဲ့နှစ်ဖွဲ့နှင့် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း၌ အဖွဲ့(၄)ဖွဲ့ဖြင့် မြေအားခံနိုင်ဝန်တိုင်တာခြင်းလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)