Connect with us

Science & Technology

မွန်ပြည်နယ်ငါးလုပ်ငန်းစခန်း (သထုံ)မှ ယခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၂၅ သိန်းထုတ်လုပ် ဖြန့်ဝေ ပေးသွားမည်

ငါးမွေးမြူရေးကန်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ သထုံငါးလုပ်ငန်းစခန်းမှ မွန်ပြည်နယ်အတွင်း ရေသယံ ဇာတပေါကြွယ်ဝရေး၊ စဉ်ဆက်မပြတ် ငါးမျိုးမပြုန်းတီးရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၂၅ သိန်းထုတ်လုပ် ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ငါးသားပေါက်ကောင်ရေ ၂၅ သိန်းအနက်မှ ကောင်ရေ ၈ သိန်းအား မွန်ပြည်နယ်အတွင်းရှိ သဘာဝမြစ်ချောင်း များ၊ ဆည်မြောင်းတာတမံများနှင့် တောင်သူများ၏ စပါးခင်းရေပြင်များသို့ အခမဲ့ ငါးမျိုးများ လိုက်လံစိုက်ထည့်ပြီး ကျန် ၁၇ သိန်းကို ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ များထံသို့ ဈေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သထုံငါးလုပ်ငန်းစခန်းမှ သိရသည်။

လက်ရှိအချိန်ထိ စခန်းတွင် ရွှေနီ၊ ရေချိုငါးမုတ်၊ ငါးခုံးမကြီး၊ တောင်ပေါ် ငါးသလောက်၊ ငါးသိုင်းခေါင်းပွ၊ တီလားဗီးယား၊ ရွှေဝါငါးကြင်း၊ ရောင်စုံငါးကြင်း၊ ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ စသည့် ရေချိုငါးမျိုး ကောင်ရေ ၁၀ သိန်းခန့်ကို သားဖောက် မွေးမြူထားပြီး ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ငါးလုပ်ငန်းစခန်း (သထုံ) တွင် ငါးအမျိုး အစား နှင့် အရွယ်အစားလိုက် သင့်တင့်သောဈေးနှုန်းများဖြင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ရောင်းချပေးနေပြီး စခန်းတွင် တိုက်ရိုက် လာရောက်ဝယ်ယူနိုင်သကဲ့သို့ မြို့နယ်ငါးဦးစီးဌာနများနှင့် ချိတ်ဆက် ဝယ်ယူနိုင် ကြောင်း ငါးလုပ်ငန်းစခန်း(သထုံ)မှ ငါးသားပေါက်များကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေကြီးတို့မှ ငါးမွေးမြူရေးလုပ်ငန်းရှင်များ အများဆုံးလာရောက်ဝယ်ယူကြကာ ယခုဘဏ္ဍာနှစ်တွင် နှစ်လတာအတွင်း ကောင်ရေ လေးသိန်းကျော်ခန့် ရောင်းချပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.